ပရိသတ်မပါပေမယ့် အ၀ါရောင်တံတိုင်းကြီးကို ရိုးရာမပျက် နှုတ်ဆက်ခဲ့တဲ့ ဒေါ့မွန်ရဲ့ချစ်စရာကောင်းတဲ့လုပ်ရပ်

Posted on - May 17 []

Gunner Ksr

စာရေးသူ

COVID-19 ကြောင့် ရပ်နားထားတဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်တွေကတော့ ပြန်လည်စတင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါပြန်စတာဟာ ဘောလုံးပရိသတ်တွေအတွက်တော့ တကယ့်ကို တွန်းအားတစ်ရပ် ဖြစ်ခဲ့တာပါ။

COVID-19 ကြောင့် ပထမဆုံး ပြန်လည်စတင်တဲ့ ဥရောပထိပ်တန်းလိဂ်ဖြစ်တာနဲ့အညီ လူပြောစရာအကြောင်းအရာတွေလည်း များခဲ့ပါတယ်။ အဲဒီအထဲမှာက ဒေါ့မွန်နဲ့ ရှော်လ်ကေးတို့ရဲ့ပွဲစဉ်မှာ ပရိသတ် စိတ်ဝင်စားစရာဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့တာပါ။

အထူးသဖြင့် တိုက်စစ်မှူးဟာလန်းဂိုးသွင်းအပြီးမှာ Social Distancing နည်းလမ်းနဲ့ အောင်ပွဲခံခဲ့တာကလည်း ပရိသတ်တွေအကြား အမြင်ဆန်းခဲ့ပြီး စိတ်ဝင်စားစရာဖြစ်ခဲ့တာပါ။ ဒါ့အပြင် ပွဲပြီးဆုံးချိန်မှာ ဒေါ့မွန်ရဲ့လုပ်ရပ်တစ်ခုကလည်း ပရိသတ်တွေရဲ့နှလုံးသားကို ထိရှစေခဲ့တာပါ။

ဒါကေတာ့ ပွဲပြီးဆုံးချိန်မှာတော့ ဒေါ့မွန်ကစားမားတွေဟာ သူတို့ရဲ့ထုံးစံအတိုင်း အ၀ါရောင်တံတိုင်းကြီးကို နှုတ်ဆက်ခဲ့တာပါ။ ဒေါ့မွန်ကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် လက်တွဲတဲ့ အမူအရာပြုလုပ်ပြီး ပရိသတ်မပါပေမယ့် အ၀ါရောင်တံတိုင်းကြီးကို ရိုးရာမပျက် နှုတ်ဆက်ခဲ့တာပါ။ ဒေါ့မွန်ရဲ့လုပ်ရပ်ဟာ ချစ်စရာကောင်းတယ်လို့ ပရိသတ်တွေက ဆိုခဲ့ကြပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။