အဘွားဖြစ်သူကြောင့် သရုပ်ဆောင်ဖြစ်ချင်ခဲ့တဲ့အကြောင်း Han So Hee ဖွင့်ဟ

Posted on - May 17 []

Gunner Ksr

စာရေးသူ

ဒီအရာက Han So Hee ကို သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ တွန်းအားပေးခဲ့တာပါ။ လတ်တလော တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာ The World of The Married ဟာ လူကြိုက်များကြီး ရေပန်းစားလျက်ရှိနေပါတယ်။ The World of The Married နဲ့ အတူ မင်းသမီး Han So Hee ဟာလည်း ထင်ပေါ်လာပြီး အောင်မြင်နေတာပါ။ Han So Hee ဟာ ဒီဇာတ်လမ်းတွဲထဲမှာ Yeo Da Kyung ဆိုတဲ့ ဗီလိန်နေရာက ပါဝင်ရပေမယ့် အားလုံးရဲ့ အချစ်ကို ရလျက်ရှိနေပါတယ်။

တကယ်တော့ Han So Heeဟာ အခုလိုအောင်မြင်ဖို့အတွက် ခက်ခဲကြမ်းတမ်းလွန်းတဲ့နေ့ရက်များစွာကို ကျော်ဖြတ်ခဲ့ရတာပါ။ ပိုက်ဆံ (၃) သိန်းတည်းပိုက်ပြီး ဆိုးလ်မြို့ကို တစ်ယောက်တည်း လာရဲတဲ့အထိ သတ္တိမွေးခဲ့သူပါ။

အဲဒီလိုမျိုး Han So Hee တစ်ယောက် သရုပ်ဆောင်ဖြစ်ဖို့ တွန်းအားဖြစ်စေခဲ့သူကတော့ တခြားမဟုတ်ပါဘူး။ သူမရဲ့အဘွားပါ။ မိဘဖြစ်သူတို့ဟာ တစ်နေကုန် အလုပ်သွားနေရလို့ Han So Hee ဟာ ငယ်ငယ်လေးကတည်းက အဘွားဖြစ်သူရဲ့လက်ပေါ်မှာ ကြီးပျင်းလာခဲ့ရတာပါ။ အဘွားဖြစ်သူဟာ သူမရဲ့ကျောင်းကပွဲတွေကိုလည်း အမြဲလိုက်ပါတတ်သူပါ။

"အဘွားက ကျွန်မအတွက် အရာရာပါပဲ။ ကျွန်မ အဘွားက TV ကြည့်တာအရမ်းကြိုက်တာ။ ဒီတော့ ကျွန်မကို TV ပေါ်မှာ သူမြင်ချင်လာတယ်။ အဲဒီအကြောင်းကို အဘွားက နေ့တိုင်းပြောတယ်။ အဲဒါနဲ့ တကယ်ပဲ TV ပေါ်မှာ ပါအောင် လုပ်ရမလားဆိုပြီး တွေးမိတယ်။ ဒါက ကျွန်မရဲ့ အိပ်မက်တွေ အစပျိုးတဲ့လမ်းပါပဲ"လို့ Han So Heeက ဖွင့်ဟခဲ့တာပါ။ အခုတော့ Han So Hee ဟာ TV ပေါ်မှာပါရုံမက အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ပါဖြစ်နေပါပြီ။ Han So Hee ရဲ့ အဘွားဖြစ်သူရဲ့ ဆန္ဒတွေလည်း ပြည့်ဝခဲ့ရပြီလို့ ဆိုရမှာပါ။

Ref: Koreaboo

momopop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။