ယူနိုက်တက်မှာ ပတ်ဂျီဆန်ဟာ ဘယ်လိုအနေအထားမျိုးမှာ ရပ်တည်ခဲ့သလဲဆိုတာ ရွန်းနီ ဖွင့်ဟ

Posted on - May 18 []

Gunner Ksr

စာရေးသူ

မန်ချက်စတာယူနိုက်တက်ဂန္ထ၀င်ကစားသမားကြီး ၀ိန်းရွန်းနီကတော့ မန်ချက်စတာယူနိုက်တက်ရဲ့အောင်မြင်မှုမှာ တောင်ကိုရီးယားကစားသမားဟောင်း ပတ်ဂျီဆန်ဟာ စီရော်နယ်ဒိုလိုပဲ အရေးပါတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်သွားခဲ့တာပါ။

ပတ်ဂျီဆန်ဟာ၂၀၀၅ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့ကာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တာပါ။ ယူနိုက်တက်မှာ ကစားစဉ်တုန်းက ပတ်ဂျီဆန်ဟာ ဖာဂူဆန်ရဲ့ လက်နက်ပုန်းတစ်ခုလို ဖြစ်ခဲ့တာပါ။

"ပတ်ဂျီဆန်ဟာ ယူနိုက်တက်အတွက်တော့ အသုံးဝင်လွန်းတဲ့ ကစားသမားပါ။ ပတ်ဂျီဆန်လို့ပြောရင် လူတော်တော်များများ မသိနိုင်ပါဘူး။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ အောင်မြင်မှုတွေမှာ ပတ်က စီရော်နယ်ဒိုလိုပဲ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တာပါ"လို့ ရွန်းနီက ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ပတ်ဂျီဆန်ဟာ သူ့အနေနဲ့ ၂၀၀၈ ခုနှစ်ချန်ပီယံလိဂ်လူစာရင်းမှာ မပါဝင်ခဲ့တဲ့အတွက် အလွန်းဝမ်းနည်းမိကြောင်း ထုတ်ဖော်ခဲ့ပါသေးတယ်။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။