(၃) ခါခွဲပြီး အဆင့်ဆင့် ထုတ်ဝေသွားမယ့် BLACKPINK ရဲ့ Album သစ်

Posted on - May 18 []

Gunner Ksr

စာရေးသူ

BLACKPINK ရဲ့ Album သစ်ကို ကာလရှည်ကာ အချိန်ဆွဲပြီး ခြိမ့်ခြိမ့်သဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုရမှာပါ။ မေလ (၁၈) ရက်နေ့က YG Entertainment ဟာ BLACKPINK ရဲ့ Comeback နဲ့ ပတ်သက်ပြီး အချိန်ဇယား အသေးစိတ်ကို ၀က်ဆိုက်ပေါ်မှာ တင်သွားခဲ့တာ ဖြစ်ပါတယ်။

BLACKPINK ရဲ့ Album သစ်ဟာ သီချင်း (၁၀) ပုဒ်ကျော် ပါဝင်သွားမှာဖြစ်ပြီး အချိန်ကာလအားဖြင့် (၄) လကြာ ခွဲပြီး ထုတ်ဝေသွားမှာပါ။ ပထမဆုံးအနေနဲ့ အကြိုအနေနဲ့ ဇွန်လအစပိုင်းမှာ သီချင်းတစ်ပုဒ်ကို ထုတ်ဝေသွားမှာပါ။ "BLACKPINK ရဲ့ ပထမဆုံးသီချင်းကိုတော့ ဇွန်လလယ်လောက်မှာ ထုတ်ဝေသွားမှာပါ။ ဒါက Pre-release သီချင်းပါ။ လက်ရှိအချိန်မှာတော့ BLACKPINK အဖွဲ့ဝင်တွေဟာ သီချင်းအတွက် Music Video ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်"လို့ YG က ထုတ်ပြန်သွားခဲ့တာပါ။

ဒုတိယသီချင်းကိုတော့ ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လအတွင်းမှာ ထုတ်ဝေဖို့ စီစဉ်ထားပြီး ဒီသီချင်းဟာ ထူးခြားတဲ့သီချင်းမျိုးဖြစ်လိမ့်မယ်လို့ YG Entertainment က ဆိုထားပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ YG က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

နောက်ဆုံးမှာတေ့ စက်တင်ဘာလအရောက်မှာ ကာလရှည်စောင့်မျှော်ခဲ့ရတဲ့ BLACKPINK ရဲ့ ပထမဆုံး Studio Album ကို ပရိသတ်လက်ထဲ ချပြသွားမှာပါ။ ဒီ Album အတွက် BLACKPINK ဟာ အချိန်တော်တော်ကြာ ကြိုးပမ်းခဲ့ရတာဖြစ်ပြီး ပရိသတ်တွေနဲ့ပိုမို ထိတွေ့မှုရရှိအောင် (၃) ခါခွဲပြီး ပြုလုပ်တာ ဖြစ်တယ်လို့ YG Entertainment က ထုတ်ပြန်ခဲ့ပါတယ်။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။