The World of the Married က Kim Hee Ae နဲ့ Bed Scene ဇာတ်ဝင်ခန်းအကြောင်း အမှတ်တရ ပြန်ပြောင်းပြောခဲ့တဲ့ Kim Youngmin

Posted on - May 18 []

Gunner Ksr

စာရေးသူ

တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာ The World of the Married ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကို ခံစားချက်များစွာ ပေးစွမ်းပြီး နှုတ်ဆက်သွားခဲ့ပါပြီ။ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အကြောင်းကို ပညာပေးရိုက်ကူးထားတာဖြစ်ပြီး တစ်ပိုင်းနဲ့တစ်ပိုင်း ကြည့်ရှုသူနှုန်းကလည်း မြင့်တက်ခဲ့ကာ နောက်ဆုံးဇာတ်သိမ်းပိုင်းမှာဆိုရင် စံချိန်တင် ကြည့်ရှုသူနှုန်းကိုလည်း ပိုင်ဆိုင်ခဲ့တာပါ။

တလောက You Tube Channel တစ်ခုဖြစ်တဲ့ 'Reporter Eun's LIT NEWS နဲ့ 19-Rated Interview မှာတော့ မင်းသား Kim Youngmin က အဲဒီဇာတ်လမ်းတွဲထဲက မင်းသမီး Kim Heeae နဲ့ Bed Scene တွေအကြောင်းကို ပြောပြသွားခဲ့ပါတယ်။

"ပထမဆုံးတော့ ကျွန်တော့်အနေနဲ့ Work Out လုပ်သင့်တယ်လို့ တွေးမိပါတယ်။ Park Haejoon လည်း အဲဒီလိုအများကြီး လုပ်ထားမယ်လို့ထင်ပါတယ်။ တစ်ရက်တည်းနဲ့တော့ ကြွက်သားတွေကို ကြီးအောင်လုပ်လို့ မရပါဘူး။ နောက်ကျော ကြွက်သားတွေက အရေးကြီးဆုံးပဲလေ"လို့ Kim Youngmin က ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။