မင်းသား Song Jae Rim နဲ့ T-ARA အဖွဲ့ဝင် Jiyeon တို့ တွဲနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး အေဂျင်စီအသီးသီးကလည်း စုံစမ်းနေဆဲဖြစ်

Posted on - May 19 []

Gunner Ksr

စာရေးသူ

သူတို့နှစ်ယောက်ရဲ့ပုံစံကို ကြည့်ရတာ ကြည်နူးစရာကောင်းပြီး ဒိတ်နေပုံပဲလို့ မျက်မြင်သက်သေတစ်ဦးက ဖွင့်ဟခဲ့တာပါ။ I Wanna Hear Your Song ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Song Jae Rim နဲ့ T-ARA အဖွဲ့ဝင် Jiyeon တို့ဟာ တွဲနေတယ်လို့ မေလ (၁၉) ရက်နေ့မှာ သတင်းထွက်ပေါ်လာခဲ့တာပါ။

မျက်မြင်သက်သေတစ်ဦးရဲ့အဆိုအရ သူတို့နှစ်ယောက်ကို ပြီးခဲ့တဲ့ တစ်ပတ်က ဒိတ်ခဲ့တာမြင်တွေ့ခဲ့ကြောင်း၊ သူတို့နှစ်ယောက်ဟာ ဓာတ်ဆီဆိုင်မှာ ဆီအတူတူ ဖြည့်ခဲ့ကြောင်း သိရပါတယ်။ "ပြီးခဲ့တဲ့တစ်ပတ်တုန်းက သူတို့နှစ်ယောက်က ဆီဆိုင်မှာ ဆီအတူတူ ဖြည့်ခဲ့ပါတယ်။ Jiyeon က ကားထဲကနေ ထွက်လာပြီး သူဘာသာ ဆီဖြည့်ရာမှာ အခက်အခဲတွေ့နေခဲ့တာ။ အဲဒီမှာပဲ ကားထဲမှာ ထိုင်နေတဲ့ Song Jae Rim က ထွက်လာပြီး ကူညီပေးခဲ့ရတယ။် သူတို့နှစ်ယောက်ကိုကြည့်ရတာ အရမ်းကြည်နူးစရာကောင်းလွန်းတယ်။ ဒိတ်နေပုံပါပဲ။ သူတို့ဟာ ပတ်ဝန်းကျင်က လူတွေကိုလည်း သတိထားနေသေးတယ်"လို့ မျက်မြင်သက်သေတစ်ဦးက ဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Jiyeon ရဲ့အေဂျင်စီကတော့ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးကြောင်း သူတို့အနေနဲ့ စုံစမ်းနေဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ Jiyeon ကို ဆက်သွယ်လို့ မရသေးဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

Song Jae Rim ရဲ့အေဂျင်စီကလည်း အလားတူ ပုံစံမျိုးပဲ ထုတ်ပြန်ခဲ့ပါတယ်။ Song Jae Rim နဲ့ Jiyeon တို့ဟာ I Wanna Hear Your Song ဇာတ်လမ်းတွဲမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှုကိုလည်း ပရိသတ်တွေက သဘောကျခဲ့ကြတာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။