မူလတန်းကနေ ကျောင်းများ ပြန်ဖွင့်မယ့် အစီအစဉ်မှာ ပိုမိုအန္တရာယ်များလွန်းတယ်လို့ ဆရာမဒေါ်နီလာဝင်း ထောက်ပြဆွေးနွေး

Posted on - May 19 []

Gunner Ksr

စာရေးသူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းစုကြည်နဲ့ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းနဲ့ စပ်လျဉ်းပြီး မေ လ(၁၉) ရက်နေ့ နံနက်ပိုင်းက အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဒဲဒီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့အနေနဲ့ ကျောင်းများ ပြန်လှန်ဖွင့်လှစ်ရာတွင် မူလတန်းကနေစတင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကလည်း လက်ရှိရောဂါကူးစက်မှုအနေအထားအရ မူလတန်းကလေးတွေဟာ ကူးစက်ခံရဖို့ အခွင့်အလမ်းနည်းပါးကြောင်း၊ ဒါ့အပြင် မူလတန်းကလေးတွေဟာ ဆရာတွေရဲ့စကားကို နားထောင်သူဖြစ်ကြောင်း၊ ဒါကြောင့် မူလတန်းကနေ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ အစီအစဉ်မှာ ပါဝင်ဆွေးနွေးသူ ဆရာမ ဒေါ်နီလာဝင်းကတော့ အဲဒီအစီအစဉ်ကိုလက်မခံဘဲ ထောက်ပြသွားခဲ့ပါတယ်။ "မူလတန်းကလေးတွေဆိုတာ အရမ်းအဆော့သန်ကြပါတယ်။ ဒီနားထိုင်ပါ၊ ဒီဟာကိုတပ်ထားပါဆိုရင် ဘယ်လိုမှ ရနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ စည်းးကမ်းလိုက်နာပြီး Social Distancing နည်းလမ်းကို ပိုလိုက်နာဖို့ဆိုရင် ကျန်းမာရေး အသိရှိတဲ့ အလယ်တန်း၊ အထက်တန်းတွေကို ပြန်ဖွင့်လိုက်တာကို ပိုအဆင်ပြေနိုင်ပါတယ်။ အဲဒီမှာ မူလတန်းဆရာမတွေကလည်း နားနေရတာဖြစ်တဲ့အတွက် အပူချိန်တိုင်းတာတို့ သူတို့ရဲ့ကျန်းမာရေးကို ပိုအားဖြည့်ပေးနိုင်မယ် ထင်ပါတယ်"လို့ ဆရာမ ဒေါ်နီလာဝင်းက ထောက်ပြဆွေးနွေးခဲ့တာပါ။

ဆရာမ ဒေါ်နီလာဝင်းရဲ့ ဆွေးနွေးချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့ပြီး ဒါဟာ ထည့်သွင်းစဉ်းစားရမယ့်အချက်လို့ ပြောဆိုခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။