Youth With You မှာ ဘာကြောင့် ကြောက်စရာကောင်းတဲ့ပုံစံ ပြုလုပ်ရသလဲဆိုတာ Lisa ရှင်းပြ

Posted on - May 19 []

Gunner Ksr

စာရေးသူ

BLACKPINK အဖွဲ့ဝင် Lisa ဟာ Music Program ဖြစ်တဲ့ Youth With You မှာ အကဆရာအဖြစ် ဆောင်ရွက်နေတာပါ။ အဲဒီပြိုင်ပွဲမှာ Lisa ရဲ့ သင်တန်းသူတွေအပေါ် ပွဲကြမ်းတဲ့ ဗီဒီယိုဖိုင်တစ်ခုကလည်း ပရိသတ်တွေကြား ရေပန်းစားနေတာပါ။ နောက်ဆုံးအပိုင်းမှာတော့ ပြိုင်ပွဲရဲ့ဆရာတစ်ယောက်ဖြစ်တဲ့ Ella Chen ဟာ အတန်းတစ်ခုချင်းစီကို မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒါကတော့ သူတို့အတွက် အတန်းဟာ ကြောက်စရာကောင်းတယ်လို့ထင်ရင် လက်မြှောက်ခိုင်းခဲ့တာပါ။ Lisa ရဲ့ အတန်းအရောက်မှာတော့ သင်တန်းသူအားလုံးလိုလိုက လက်မြှောက်ခဲ့ကြပါတယ်။ အဲဒီမှာ Lisa ကိုယ်တိုင်က အံ့အားသင့်သွားခဲ့ပြီး "အများကြီးပါလား"လို့ အာမေဍိတ်သံထွက်ခဲ့တဲ့အထိပါပဲ။

အဲဒီနောက် Lisa က သူမအနေနဲ့ ဘာကြောင့်ပွဲကြမ်းနေရသလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ သူမသာ အမြဲတမ်း သူငယ်ချင်းတစ်ယောက်လို ညင်ညင်သာသာ ဆက်ဆံနေမယ်ဆိုရင် သင်တန်းသူတွေဟာ ဖိအားမရှိတော့ဘဲ သေချာမလေ့ကျင့်မှာ စိုးရိမ်တယ်လို့ Lisa က ဆိုခဲ့တာပါ။ "ကျွန်မရဲ့အလုပ်က သူတို့ကို ဘယ်လိုကရမလဲဆိုတာ သင်ပေးတာလေ။ တကယ်လို့ ကျွန်မသာ သူငယ်ချင်းတစ်ယောက်လို ပြုမှုနေမယ်ဆိုရင် သင်တန်းသူတွေ ဖိအားအပေး မခံရမှာ စိုးရိမ်မိတယ်။ သူတို့ကောင်းကောင်း ကြိုးပမ်းပြီး ပိုကောင်းလာအောင်လို့ ကျွန်မဖိအားပေးနိုင်ဖို့ လိုအပ်တယ်"လို့ Lisa က ဆိုခဲ့ပါတယ်။

အဲဒီနောက် သင်တန်းသူတစ်ယောက်က လက်နဲ့ အသည်းပုံစံပြုလုပ်ပြီး အားပေးခဲ့သလို Lisa ရဲ့ ပြောစကားတွေ ကြားရပြီးနောက်မှာတော့ သင်တန်းသူတွေက ကျေနပ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။