ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အနီးစပ်ဆုံးအခြေအနေအထိ ရောက်ရှိခဲ့ခဲ့စီရော်နယ်ဒိုရဲ့အတိတ်က ဇာတ်လမ်း

Posted on - May 19 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့သာ တစ်သင်းတည်းအတူတွဲကစားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ သေချာတာကတော့ အဲဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ဘောလုံးလောကရဲ့သမိုင်းဟာ အနည်းငယ်တော့ပြောင်းလဲသွားမှာ သေချာပါတယ်။ လက်တွေ့မှာလည်း အဲဒီလိုအခြေအနေမျိုး ဖြစ်လုနီးပါးအထိ ဖြစ်ပေါ်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ စီရော်နယ်ဒိုအနေနဲ့ ဘာစီလိုနာအသင်းကို ရောက်ရှိဖို့အတွက် အနီးစပ်ဆုံးအခြေအနေအထိ ရောက်ရှိခဲ့တာပါ။

ဒီအကြောင်းကို ဘာစီလိုနာဥက္ကဋ္ဌဟောင်းလာပေါ်တာက ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ၂၀၀၃ ခုနှစ်အတွင်းက စပို့တင်းလစ္စဘွန်းအသင်းကနေ စီရော်နုယ်ဒိုကို ခေါ်ယူဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

"အဲဒီတုန်းက ကျွန်တော်တို့အနေနဲ့ ရော်နယ်ဒင်ဟို၊ မားကွက်ဇ်၊ ကွာရက်မာတို့ကို ခေါ်ယူထားပြီးပြီ။ ကျွန်တော်တို့ဟာ အသင်းကိုထိပ်တန်းကစားသမားတွေနဲ့ တည်ဆောက်ဖို့ စီစဉ်ခဲ့တယ်။ အဲဒီတုန်းက စီရော်နယ်ဒိုဟာ မန်ယူအသင်းကို မပြောင်းရွှေ့သေးဘဲ စပို့တင်းမှာပဲ ရှိပါသေးတယ်။

ကျွန်တော်တို့အနေနဲ့ စီရော်နယ်ဒိုရဲ့အေးဂျင့်နဲ့ စကားပြောခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို ဒေကိုကို ရောင်းချချင်ခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်တို့ ငွေကြေးအများကြီးသုံးစွဲထားပြီးဖြစ်ခဲ့အတွက် ဒေကိုကို ခေါ်ဖို့ မတတ်နိုင်ခဲ့ဘူး။

ဒီနေရာမှာပဲ သူက နောက်ထပ်အရည်အသွေးမြင့်တဲ့ချာတိတ်လေးတစ်ယောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒါက စီရော်နယ်ဒိုပါပဲ။ ကျွန်တော်တို့က စီရော်နယ်ဒိုအတွက် ယူရို (၁၇) သန်းပဲ ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်က ယူရို (၁၉)သန်းနဲ့ အရခေါ်သွားခဲ့တယ်"လို့ လာပေါ်တာက ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ ယူရို (၂) သန်းတည်းနဲ့ စီရောယ်ဒိုကို လက်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာရဲ့ အဖြစ်ကတော့ ရင်နာစရာကောင်းလွန်းတယ်လို့ဆိုရမှာပါ။ GOAT နှစ်ယောက်ကို တစ်သင်းတည်းမှာ တွေ့မြင်ခွင့်သာ ရခဲ့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

Ref: Oh My Goal

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။