ကျောင်းသားများ အခက်အခဲများစွာ ရှိသဖြင့် YTU ကို Quarantine Center အဖြစ် အသုံးပြုတော့မည်မဟုတ်ဟု ဦးနိုင်ငံလင်း ဆို

Posted on - May 20 []

Gunner Ksr

စာရေးသူ

အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU) အား အစောပိုးက Facility Quarantine Center အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားပေမယ့် အဆောင်နေကျောင်းသားများ အခက်အခဲရှိသဖြင့် အသုံးပြုတော့မှာမဟုတ်ဘူးလို့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက Facebook မှာ ထုတ်ပြန်သွားခဲ့ပါတယ်။

YTU ကို Quarantine Center အဖြစ် အသုံးပြုနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်၊ ပါချုပ်ကြီး၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် အပါအ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

"၁၉.၅.၂၀၂၀ ဒီနေ့ Yangon Technological Universityကို သွားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်၊ ပါချုပ်ကြီး၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး Facility Quarantine Centreအဖြစ် အသုံးပြုနိုင်ရန် တိုင်ပင်ခဲ့ကြပါတယ်။ အားလုံးက လိုလိုလားလားနဲ့ ပူးပေါင်းလိုစိတ်ရှိကြတာကို တွေ့ရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

ဒါပေမဲ့ ကျောင်းသားအဆောင်တွေဖြစ်ပြီး ကျောင်းချက်ချင်း ပိတ်ခဲ့ရသည့်အတွက် ကျောင်းသားများ၏ ကိုယ်ပိုင်ပစ္စည်းများ ကျန်ခဲ့တဲ့အတွက် အခန်းရှင်းလင်းဖို့ အခက်အခဲရှိခဲ့ပါတယ်။ ထို့ပြင် ကျောင်းသားတချို့၏ တင်ပြချက်များအပေါ် အလေးထားသောအားဖြင့် Q အဖြစ် အသုံးပြုတော့မည် မဟုတ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်"လို့ ဦးနိုင်ငံလင်းက ဆိုခဲ့တာပါ။

Ref: U Naing Ngan Lin Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။