ဘောလုံးပွဲတွေ ရပ်နားထားလို့ ကြုံရာကျပန်းအလုပ်ဝင်လုပ်နေရတဲ့ အီဂျစ်ဘောလုံးသမားရဲ့ရင်နင့်စရာဖြစ်ရပ်
Gunner Ksr
စာရေးသူ
COVID-19 ဟာ ကမ္ဘာတစ်ဝှမ်းလုံးက နယ်ပယ်အစုံကို ရိုက်ခတ်နေတာဖြစ်ပြီး ဘောလုံးနယ်ပယ်ကလည်း ကြီးမားတဲ့ ရိုက်ခက်မှုဒဏ်ကို ခံနေရပါတယ်။ COVID-19 ကြောင့် ဘောလုံးပွဲစဉ်တွေ ရပ်နားထားတဲ့အခါ အသင်းတွေရဲ့ စီးပွားရေးဟာလည်း ယိမ်းယိုင်လာခဲ့တာပါ။ ဒါကြောင့် အသင်းတွေဟာ ကစားသမားတွေကို ဖြတ်တောက်မှုတွေ ပြုလုပ်နေခဲ့ကြတာပါ။

တစ်လတစ်လ ပေါင်သန်းချီ၊ သိန်းချီပြီး ရနေတဲ့ ကစားသမားတွေက ဘာမှမဖြစ်ပေမယ့် အောက်တန်းလိဂ်တွေမှာ လစာနည်းနည်းပဲရပြီး ကျင်လည်နေရတဲ့ ဘောလုံးသမားလေးတွေအတွက်တော့ ကြီးမားတဲ့ ရိုက်ခတ်မှုပါ။

အီဂျစ်ဒုတိယတန်းကလပ်ဘီနီဆက်အသင်းရဲ့နောက်ခံလူ Mahmoud ကတော့ ဘောလုံးပွဲစဉ်တွေ ရပ်နားထားတဲ့အခါ တော်တော်လေး ဒုက္ခကြုံတွေ့နေရပြီး ကြုံရာအလုပ်ကို ၀င်လုပ်နေခဲ့ရပါတယ်။ အီဂျစ်လိဂ်ပွဲစဉ်တွေကို မတ်လအလယ်မှာ ရပ်နားခဲ့တာဖြစ်ပြီး အသင်းကလည်း Mahmoud ကို လုပ်ခလစာပေးချေတော့ခြင်း မရှိတော့တာပါ။ Mahmoud ဟာ ဆောက်လုပ်ရေးလုပ်သား၊ မုန့်ဖုတ်သမားအဖြစ် အမျိုးမျိုးလုပ်ကိုင်ဆောင်ရွက်လျက်ရှိနေရတာပါ။ ဆောက်လုပ်ရေးလုပ်ရတာ တစ်ရက်ကို (၇) ဒေါ်လာရရှိတယ်လို့ညလ်း သိရပါတယ်။

"မိသားစုအတွက် ဘယ်လိုအလုပ်မျိုးကိုမဆို ကျွန်တော် လုပ်ရမှာပါပဲ။ ကျွန်တော့်မိသားစု အသက်ရှင်ဖို့အတွက် လုပ်ရပါမယ်"လို့ Mahmoud က ဆိုခဲ့ပါတယ်။ အသက် (၂၈) နှစ်အရွယ်ရှိ နောက်ခံလူ Mahmoud ဟာ နောက်ခံလူကောင်းတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ခံရပြီး အသင်းဖော်တွေကတော့ သူ့ကိုကွန်ပနီရဲ့ ခိုင်နှိုင်းကြပါတယ်။ သူလေးစားအားကျရသူကတော့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်ျပဲ ဖြစ်ပါတယ်။
Ref: All Football
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။