မက်ဆီနဲ့အတူဆုံးကစားသမားက ဘယ်သူလဲဆိုတာကို ပြောပြသွားတဲ့ ဂွါဒီယိုလာ

Posted on - May 20 []

Gunner Ksr

စာရေးသူ

လီယွန်နယ်မက်ဆီဆိုတာ ဘောလုံးလောကမှာနောက်ထပ်အစားထိုးလို့မရနိုင်တဲ့ မှော်အဆန်ဆုံးလူသားတစ်ယောက်ပါပဲ။ လီယွန်နယ်မက်ဆီလုပ်ပြခဲ့တဲ့အရာတွေက တကယ့်ကို နောက်လူတစ်ယောက် လုပ်ပြဖို့မလွယ်ကူတဲ့အရာတွေပါ။ Ballon d'Or (၆) ကြိမ်အထိရရှိထားတဲ့ လီယွန်နယ်မက်ဆီဟာ ဘောလုံးသမိုင်းရဲ့အကောင်းဆုံးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလိုမျိုး မက်ဆီတစ်ယောက် ထွန်းလင်းတောက်ပခဲ့ ရာမှာတော့ ဂွါဒီယိုလာက အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။

ဂွါဒီယိုလာဟာ ဘာစီလိုနာလူငယ်အသင်းမှာကတည်းက မက်ဆီကို နည်းမှန်လမ်းမှန်နဲ့အကောင်းဆုံး ထိန်းကျောင်းလာခဲ့တာဖြစ်လို့ မက်ဆီရဲ့အကြောင်းကို ခရေစေ့တွင်းကျသိသူလို့ ဆိုရမှာပါ။ ဒါကြောင့် ဂွါဒီယိုလာက မက်ဆီနဲ့အတူဆုံးကစားသမားကို အခုလိုပဲ ဖွင့်ဟသွားခဲ့ပါတယ်။

"တစ်ဦးချင်း အရည်အချင်းတွေအရ နေမာဟာ မက်ဆီနဲ့ အဆင်တူဆုံးကစားမားပါ။ သူ့ရဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေက တကယ့်ကို အံ့မခန်းဖြစ်ပါပဲ"လို့ ဂွါဒီယိုလာက ဖွင့်ဟသွားခဲ့တာပါ။

ဒါပေမယ့် အချက်အလက်တွေအရတော့ မက်ဆီနဲ့အတူညီဆုံးက နေမာမဟုတ်ပါဘူး။Data က နှိုင်းယှဉ်မှု (၁၂) ချက်နဲ့အတူ ကစားသမားပေါင်း (၇) သောင်းကျော်ထဲက မက်ဆီနဲ့အတူဆုံး၊ အနီးစပ်ဆုံးကစားသမားတွေကို စစ်တမ်းပြုစုခဲ့ရာမှာတော့ နေမာက မက်ဆီနဲ့တူညီမှု အဆင့် (၅) နေရာမှာပဲ ရှိနေခဲ့ပါတယ်။ အဲဒီအချက်အလက်တွေက မက်ဆီနဲ့အတူဆုံးကစားသမားက ဟာဇက်လို့ဆိုပါတယ်။

Ref: oh My goal

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။