ကွယ်လွန်သွားတဲ့ သူငယ်ချင်း Sulli အကြောင်း တမ်းတမ်းတတတ ပြောပြခဲ့တဲ့ Luna
Gunner Ksr
စာရေးသူ
တလောက MBC က ထုတ်လွှင့်ခဲ့တဲ့ Human Documentary People is Good ရဲ့ အပိုင်း (၃၅၃) မှာတော့ Luna ဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Sulli နဲ့ ပတ်သက်တဲ့အကြောင်းတွေကို ပြောဆိုသွားခဲ့တာပါ။

ပထမဆုံးအနေနနဲ့ Luna ဟာ Sulli ရဲ့ ပထမဆုံးခွေးလေးအကြောင်းနဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။ " ကျွန်မ f(x) အဖွဲ့ဝင်ဖြစ်စဉ်တုန်းက dorm မှာ နေတဲ့အခါ Sulli ဟာ အရမ်းအထီးကျန်ခဲ့တယ်။ ဒါကြောင့် အမေနဲ့ တိုင်ပင်ပြီး သူမအတွက် စွန့်ပစ်ခွေးဂေဟာကနေ သူ့အတွက် ခွေးတစ်ကောင်ဝယ်ပေးခဲ့တယ်။ အဲဒါက Sulli ရဲ့ ပထမဆုံးခွေးလေးပါပဲ"လို့ Luna က ဆိုပါတယ်။
ဆက်လက်ပြီး Luna က သူမအနေနဲ့ Sulli ကွယ်လွန်သွားချိန်မှာ အလွန်ခံစားခဲ့ရတဲ့အကြောင်း၊ လမ်းမပေါ်မှာထိုင်ကာ အလွန်ငိုကြွေးခဲ့တယ်လို့ ၀မ်းနည်းဖွယ်ရာ ဖွင့်ဟသွားခဲ့ပါတယ်။

"ကျွန်မရဲ့ အခြေအနေက အရမ်းခက်ခဲခဲ့တယ်။ ကျွန်မအတွက် အလွန်ခက်ခဲခဲ့တဲ့အချိန်တွေပါပဲ။ အဲဒီသတင်းကို ကြားပြီးချိန်မှာ ကျွန်မလက်တွေ တုန်လှုပ်နေခဲ့ပြီး ကားထဲတောင် မ၀င်နိုင်ခဲ့ပါဘူး။ ကျွန်မပုံစံက အရူးတစ်ယောက်လို ဖြစ်နေခဲ့တာပါ"လို့ Luna က ဖွင့်ဟခဲ့တာပါ။ှSulli မရှိတော့တဲ့ကမ္ဘာကြီးဟာ Luna အတွက် သွေးပျက်လွန်းစရာကောင်းနေခဲ့တယ်လို့ ဆိုရမှာပါ။
Ref: Koreaboo
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။