စမ်းချောင်းမြို့နယ်တွင် အများပြည်သူသွားလာတဲ့နေရာတွေမှာ Mask မတပ်သူ (၃၅) ဦးကို ဖမ်းဆီးအရေးယူ

Posted on - May 21 []

Gunner Ksr

စာရေးသူ

မေလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် စမ်းချောင်းမြို့နယ်တွင် Mask တပ်ဆင်ခြင်း မရှိသူများကို COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက ဦးဆောင်ပြီး မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှုး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ် ဦးဘိုဘိုဦးက ထုတ်ပြန်သွားခဲ့ပါတယ်။

အဲဒီကို ဖမ်းဆီးအရေးယူရာမှာ အဖွဲ့ (၂) ဖွဲ့ခွဲကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အများပြည်သူသွားလာရာနေရာများတွင် Mask မတပ်ဘဲ သွားလာနေသူများကို စီစစ်ကြပ်မတ်ပြီး အမျိုးသား (၃၂) ဦး၊ အမျိုးသမီး (၃) ဦး စုစုပေါင်း (၃၅) ဦးကို ဖမ်းဆီးအရေးယူခဲ့တာပါ။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုးက တရားလိုပြုလုပ်ပြီး ပုဒ်မ (၁၅) ဖြင့် တရားစွဲဆိုကာ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။