COVID-19 ကြောင့် အဖိတ်အစင်များပြီး စိုးရိမ်စရာ ကောင်းလာတဲ့ အမေဇုန်တောထဲက လူရိုင်းတွေရဲ့ဘဝ

Posted on - May 21 []

Gunner Ksr

စာရေးသူ

COVID-19 ရဲ့ ရိုက်ခတ်မှုဒဏ်ကို တစ်ကမ္ဘာလုံးက ခံစားနေရတာဖြစ်ပြီး ဒီအထဲမှာမှ အမေဇုန်တောထဲက လူရိုင်းတွေလည်း အပါအ၀င်ပါ။ အမေဇုန်မိုးသစ်တောရဲ့ အကြီးဆုံးမြို့တော်ဝန်က အမေဇုန်တောထဲက လူရိုင်းတွေဟာ COVID-19 ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီး သူတို့ကို အစိုးရကလည်း ကာကွယ်မှုတွေ ပြုလုပ်ပေးခြင်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။

COVID-19 ကူးစက်မှုနှုန်းမြင့်မားပြီးကတည်း COVID-19 ကြောင့် အမေဇုန်မိုးသစ်တောထဲက လူရိုင်း (၂၅) ယောက်ခန့်ဟာ သေဆုံးသွားခဲ့ရပြီလို့ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

မေလ (၁၉) ရက်နေ့က အွန်လိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာလည်း အမေဇုန်ပြည်နယ်ရဲ့ မြို့တော်ဝန် Manaus က လူရိုင်းတွေကို ဘာအကွယ်မှ မပြုလုပ်ပေးတဲ့ ဘရာဇီးအစိုးရကို ဝေဖန်သွားခဲ့ပြီး ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုနဲ့ တူနေကြောင်း ဆိုခဲ့ပါတယ်။

"လူအခွင့်အရေးကို ချိုးဖောက်ပြီး ကျွန်တော့်ရဲ့ဒေသမှာ သူတို့လုပ်နေတာတွေက ပြစ်မှုတစ်ခုပါပဲ"လို့ ဆိုခဲ့တာပါ။ Pan American ကျန်းမာရေး အဖွဲ့အစည်းကလည်း အမေဇုန်တောထဲတွင် COVID-19 ကူးစက်မှုနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: The Time

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။