ဂွါဒီယိုလာရဲ့ အရှိုက်ကို လုံးဝထိမှန်သွားစေမယ့် အီတူးရဲ့ မော်ရင်ဟိုနဲ့ပတ်သက်ပြီး နှိုင်းယှဉ်ချက်

Posted on - Jun 14 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာနဲ့ ကင်မရွန်းလက်ရွေးစင်ကစားသမားဟောင်း အီတူးဟာ စပါးနည်းပြမော်ရင်ဟိုနဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာတို့အကြား နှိုင်းယှဉ်ပြသွားခဲ့တာပါ။ အီတူးဟာ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာ နှစ်ယောက်စလုံး လက်အောက်မှာ ကစားခဲ့ဖူးတာပါ ဖြစ်ပါတယ်။

ဂွါဒီယိုလာနဲ့ ဘာစီလိုမှာ လက်တွဲခဲ့ဖူးတော့ မော်ရင်ဟိုနဲ့ အင်တာမီလန်၊ ချဲလ်ဆီးတို့မှာ အတူလက်တွဲခဲ့တာပါ။ ဒါပေမဲ့ ဂွါဒီယိုလာနဲ့ အီတူးတို့အကြား ဇာတ်လမ်းကတော့ မလှပခဲ့ပါဘူး။ အီတူးဟာ ဘာစီလိုနာမှာတုန်းက ဂွါဒီယိုလာရဲ့ ကန်ထုတ်တာကို ခံခဲ့ရတယ်လို့ ပြောရင် မမှားပါဘူး။

အခုအခါမှာတော့ အီတူးဟာ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ဟာ ပင်ကိုယ်စရိုက်ချင်း မတူညီတဲ့သူတွေဖြစ်ကြကြောင်း၊ သူ့အနေနဲ့ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်လို့ မရကြောင်း ပြောကြားသွားခဲ့တာပါ။

"ဂွါဒီယိုလာနဲ့ မော်ရင်ဟိုဟာ အောင်မြင်မှု ဆာလောင်သူတွေပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ စရိုက်ချင်းင၊ ဘောလုံးအပေါ် ရှုမြင်ပုံချင်း ကွဲပြားပါတယ်။ ကျွန်တော့်အနေနဲ့ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာကို နှိုင်းယှဉ်လို့ မရပါဘူး။ တစ်ယောက်က ဘိုင်ယန်မြူးနစ်နဲ့တောင် ချန်ပီယံလိဂ်ဖလား မရခဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပေါ်တိုနဲ့တောင် ချန်ပီယံလိဂ်ဖလား ယူပြထားတာပါ"လို့ အီတူးက ဖွင့်ဟခဲ့တာပါ။ ဒါကြောင့် အီတူးရဲ့ ဒီစကားတွေက ဂွါဒီယိုလာအတွက်တော့ ရင်နာစရာ ကောင်းလှတယ်လို့ ဆိုရမှာပါ။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။