စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး သူလေးစားအားကျရတဲ့အချက်ကို ထုတ်ဖော်သွားတဲ့ ပီအက်စ်ဂျီပိုင်ရှင်

Posted on - May 21 []

Gunner Ksr

စာရေးသူ

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်ကိုင်လိုင်ဖီကတော့ သူ့အနေနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ မဆုတ်မနစ်ကြိုးစားတဲ့ စိတ်ဓာတ်ကို သဘောကျတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဘောလုံးလောကအတွင်း လူငယ်ကစားသမားတွေရဲ့စံပြတစ်ယောက်ပါ။ စီရော်နယ်ဒိုကိုကြည့်ပြီး ကမ္ဘာကျော်ကြယ်ပွင့် ဖြစ်လာသူတွေလည်း မနည်းမနောပါပဲ။ ဟာလန်းနဲ့ အမ်ဘတ်ပီတို့ကတော့ အကောင်းဆုံးသက်သေပါ။

စီရော်နယ်ဒိုဟာ လူငယ်ကြယ်ပွင့်တွေဟာ Idol တစ်ယောက်တင်မဟုတ်ဘဲ ဘီလျံနာသူဌေးတွေရဲ့ လေးစားအားကျခံရသူဆိုတာ ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်ကိုင်လိုင်ဖီရဲ့ အင်တာဗျူးကနေတစ်ဆင့် သိခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

"စီရော်နယ်ဒိုဟာ တစ်နှစ်ပြီးတစ်နှစ် ထူးခြားတဲ့ ကြံ့ခိုင်မှုပုံစံကို ပြသနေပါတယ်။ သူဟာ တိုးတက်ဖို့အတွက် သူ့ကိုယ်သူနေ့စဉ် လှုံဆော်ပြီး တွန်းအားပေးနေသူပါ။ သူ့ရဲ့ မဆုတ်မနစ်ကြိုးစားမှုကို ကျွန်တော်လေးစားပါတယ်။ သူဟာ အနာဂတ် အားကစားသမားတွေအားလုံးရဲ့ စံပြပါပဲ"လို့ အယ်ကိုင်လိုင်ဖီက ဆိုခဲ့တာပါ။

ကြိုးစားမှုရဲ့ ပြယုဂ်အဖြစ် သတ်မှတ်ခံထားရတဲ့ စီရော်နယ်ဒိုကတော့ အမြဲတမ်း လေးစားစရာကောင်းနေခဲ့တာ အမှန်ပါပဲ။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။