BTS အဖွဲ့ပိုင်ကားကို သုံးချင်သလိုသုံးပြီး ရည်စားနဲ့ လျှောက်လည်ခဲ့လို့ ဝေဖန်ခံနေရတဲ့ မန်နေဂျာ

Posted on - May 21 []

Gunner Ksr

စာရေးသူ

BTS အဖွဲ့ရဲ့မန်နေဂျာဖြစ်သူကတော့ BTS အဖွဲ့ပိုင်ဗန်ကားကို ရည်းစားနဲ့ လျှောက်လည်တဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် အသံုးပြုနေခဲ့လို့ ပရိသတ်များစွာရဲ့ ဝေဖန်တာကို ခံနေရပါတယ်။ မေလ (၁၈) ရက်နေ့က မန်နေဂျာဖြစ်သူဟာ BTS ပိုင်ကားကို ရည်းစားဖြစ်သူနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ အတူအသုံးပြုခဲ့တဲ့ ပုံရိပ်တွေ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့တာပါ။

အမှန်တကယ်တော့ ဒီပုံတွေကို မန်နေဂျာဖြစ်သူရဲ့ရည်းစားက တင်ထားတာဖြစ်ပြီး သူ့ရည်းစားဟာ BTS ရဲ့မန်နေဂျာဖြစ်နေခြင်းကြောင့် ဂုဏ်ယူတယ်လို့လည်း ပြောကြားထားခဲ့တာပါ။ အဲဒီနောက် သူမဟာ "wow..ဒါက အနုပညာရှင်ရဲ့ကားပဲ"လို့ Caption ရေးပြီး ကားပုံကိုလည်း တင်ခဲ့တာပါ။

အွန်လိုင်းက ပရိသတ်တွေရဲ့ အဆိုအရ သူုတို့ဟာ ဒီကားကို အကြိမ်ပေါင်းများစွာ ကိုယ်ရေးကိုယ်တာကိစ္စအတွက် အသုံးပြုထားခဲ့ပြီးပြီးလို့ သိရပါတယ်။ အဲဒီနောက် ဒီလိုမျိုး BTS ရဲ့ကားကို သုံးချင်သလို သုံးနေတဲ့အတွက် ပရိသတ်တွေက Big Hit ကို ဝေဖန်ခဲ့ကြပါတယ် ။

ပရိသတ်တစ်ချို့ကလည်း မိန်းကလေးဟာ သူ့ကောင်လေးနဲ့ အလုပ်ကို ထိခိုက်အောင် ပြုလုပ်ခဲ့တာဖြစ်တတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref: All Kpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။