မြောက်ကိုရီးယားက ထွက်ပြေးလာသူရဲ့ တရားမ၀င်လုပ်ရပ်ကို ထုတ်လွှင့်ခဲ့လို့ ဝေဖန်မှု ခံနေရတဲ့ KBS ရုပ်သံလိုင်း

Posted on - Jul 10 []

Gunner Ksr

စာရေးသူ

တောင်ကိုရီးယားနာမည်ကျော် ရုပ်သံလိုင်းဖြစ်တဲ့ KBS ကတော့ မြောက်ကိုရီးယားက ထွက်ပြေးလာသူရဲ့ တရားမ၀င်လုပ်ရပ်ကို ထုတ်လွှင့်ခဲ့မိလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဥပဒေအရ အရေးယူခံရဖို့ ရှိနေခဲ့တာပါ။

KBS Joy ရဲ့ Ask Anything မှာ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးလာသူ အမျိုးသမီးတစ်ဦးနဲ့ အင်တာဗျူးခဲ့တာပါ။ အဲဒီအမျိုးသမီးဟာ တောင်ကိုရီးယားကို ရောက်ရှိနေတာ (၆) နှစ်ရှိပြီးဖြစ်ပြီး အိမ်ထောင်ကျကာ ကလေးတစ်ယောက်လည်း မွေးဖွားထားပါတယ်။

ဒါပေမဲ့ သူမရဲ့ မိဘတွေကတော့ မြောက်ကိုရီးယားနိုင်ငံမှာ ဆင်းဆင်းရဲရဲရုန်းကန်နေရကြောင်း၊ သူမအနေနဲ့ မြောက်ကိုရီုးယားမိဘတွေရဲ့ အကြွေးကို ဆပ်ပေးနေရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

"သူတို့ဟာ ကိုရီးယားဝမ် (၁၀) သန်းလောက် အကြွေးတင်နေတယ်လို့ မိဘတွေက ကျွန်မကိုပြောတယ်။ ၀မ် (၁၀) သန်းဆိုတာ မြောက်ကိုရီးယားမှာတော့ ၀မ် (၇၂) သန်း (ကန်ဒေါ်လာ ၆ သောင်း) နဲ့ ညီမျှပါတယ်။ အချိန်တိုင်း ကျွန်မ ပိုက်ဆံပေးပို့တိုင်းမှာ သူတို့က အကြွေးမဆပ်ဘဲ သုံးပစ်ခဲ့တယ်လို့ သိရတယ်။ ကျွန်မ မိဘတွေကိုလည်း မတွေ့ရတာ ကြာတဲ့အတွက် အရမ်းစိတ်ပူမိပါတယ်"လို့ မြောက်ကိုရီးယားက ထွက်ပြေးလာသူက ဆိုခဲ့တာပါ။

တောင်ကိုရီးယားအမျိုးသားလုံခြုံရေးဥပဒေအရ မြောက်ကိုရီးယားကို ငွေပေးပို့ခြင်းဟာ တရားမ၀င်တဲ့လုပ်ရပ်ဖြစ်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ချမှတ်နိုင်တယ်လို့ သိရပါတယ်။ အဲဒီဟာကို ထုတ်လွှင့်ခဲ့တဲ့ KBS ကလည်း ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေခဲ့ရတာပါ။

Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။