Mask ချုပ်ပြိုင်ပွဲတွင် တီထွင်ဖန်တီးမှု အကောင်းဆုံး ဆုရသူများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်

Posted on - May 21 []

Gunner Ksr

စာရေးသူ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျင်းပပြုလုပ်ခဲ့တဲ့ Mask ချုပ်ပြိုင်ပွဲမှ တီထွင်ဖန်တီးမှု အကောင်းဆုံး ဆု ရရှိသူ (၃) ဦးကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ Mask ပြိုင်ပွဲကို ပြည်သူအများအပြားက စိတ်ဝင်တစားနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

မနေ့ကလည်း Like အများဆုံး ရရှိသူ (၃) ဦးကို ရွေးချယ်ပေးခဲ့တာပါ။ တီထွင်ဖန်တီးမှုအကောင်းဆုံး ဆုကို ရွေးချယ်ရတာ Like အများဆုံးဆုတွေကို ရွေးချယ်ရတာထက် ပိုခက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါတယ်။

ပထမဆုကိုတော့ Myo Gyi အကောင့်က ရရှိသွားခဲ့တာပါ။ သူဟာ လိပ်ပြာကို မြန်မာနိုင်ငံတော်အလံ ဆေးခြယ်ထားတဲ့ ခပ်ဆန်းဆန်း ဒီဇိုင်းနဲ့ ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာပါ။

ဒုတိယဆုကို အလွန်လှပသေသပ်လွန်း ဒီဇိုင်း ဆန်းဆန်းလေးနဲ့အတူ Chan Myae Ko ဆိုတဲ့ အကောင့်ပိုင်ရှင်က ရရှိသွားခဲ့တာပါ။ သူ့ရဲ့ဒီဇိုင်းက အခုလိုပဲ လက်ရာမြောက်လွန်းတာ တွေ့ရမှာပါ။

တတိယဆုကိုတော့ မြန်မာအလံအလံတော် သုံးရောင်ခြယ်နဲ့ အလယ်ကြယ်ဖြူအကြီးတစ်လုံးကို ရင်သပ်ရှုမောဖွယ် ချုပ်လုပ်ထားတဲ့ Chaw Su ဆိုတဲ့အကောင့်ပိုင်ရှင်က ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာပါ။

ဆုရရှိသွားတဲ့သူတွေရဲ့ ဒီဇိုင်းတွေဟာ လုံးဝအမိုက်စားလက်ရာတွေဖြစ်တာကို ပရိသတ်ကြီးလည်း တွေခဲ့ရလို့ ကျေနပ်ကြမှာပါ။ သူတို့တွေဟာ အယောက်ပေါင်းများစွာကို ကျော်ဖြတ်ပြီး ထိုက်ထိုက်တန်ရရှိခဲ့တာဖြစ်သလို တခြားပြိုင်ပွဲဝင်တွေရဲ့ လက်ရာတွေကလည်း သေသပ်လွန်းတာကို တွေ့ရမှာပါ။

Ref: Daw Aung San Suu Kyi Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။