ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်လေးတေအတွက်ရော စိုးရိမ်စရာကောင်းလာပြီလား

Posted on - May 22 []

Gunner Ksr

စာရေးသူ

ကမ္ဘာတစ်ဝှမ်းလုံးကို COVID-19 က ပီပီရိရိနဲ့ ၀ါးမျိုနေတာပါပဲ။ COVID-19 ကြောင့် ကမ္ဘာတစ်လှမ်းလုံးက နယ်ပယ်ဒေသအသီးသီးက လူသားတွေဟာ အခက်တွေ့နေရခဲ့ပြီး နေ့စဉ်နဲ့အတူ ဗိုင်းရပ်စ်များ ကူးစက်ခံရပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ဟာ လူသားတွေဆီကိုသာမဘဲ တိရစ္ဆာန်လေးတွေဆီကိုလည်း ရက်စက်စွာ ဆိုက်ရောက်လာခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာတစ်လှမ်းလုံးက တချို့ဒေသတွေက တိရစ္ဆာန်လေးတွေဆီမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့နေရတာပါ။

အဆိုးရွားဆုံး ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နယ်သာလန်နိုင်ငံက တိရစ္ဆာန်ကနေ လူကို COVID-19 ကူးစက်တယ်ဆိုတဲ့ဖြစ်ရပ်ပါ။ ဖျံခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ယောက်ဟာ ဖျံဆီကနေ ဗိုင်းရပ်စ် အကူးစက်ခံရတာဖြစ်နိုင်တယ်လို့ နယ်သာလန်အစိုးရက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နယူးယော့ခ်တိရစ္ဆာန်ရုံမှာက ကျား၊ ခြင်္သေ့အပါအ၀င် သတ္တ၀ါတချို့မှာလည်း COVID-19 ကူးစက်ခံထားရတာပါ။ ဒါပေမဲ့ သူတို့ဟာ လူကနေ ကူးစက်တာလား၊ တိရစ္ဆာန်ကနေ လူကို ကူးစက်တာလားဆိုတာ အခုအချိန်အထိ ကွဲကွဲပြားပြား အဖြေရှာနိုင်ကြခြင်း မရှိသေးပါဘူး။

Ref; Daily Mail

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။