COVID-19 ကာလအတွင်း အိမ်ဌားရမ်းခက လိင်ဆက်ဆံမှုနဲ့ ပေးချေတဲ့ဖြစ်စဉ် များပြားလာ

Posted on - May 22 []

Gunner Ksr

စာရေးသူ

COVID-19 ကာလအတွင်း အင်္ဂလန်နဲ့ အမေရိကန်တို့မှာ အိမ်ဌားရမ်းခကို လိင်ဆက်ဆံမှုနဲ့ ပေးချေတဲ့ Sex For Rent ဖြစ်စဉ်မှာ တိုးတက်များပြားလာတယ်လို့ အင်္ဂလန်ရှိ အိမ်ခြံမြေကျွမ်းကျင်သူတစ်ယောက်က ပြောကြားသွားခဲ့ပါတယ်။ COVID-19 ကာလအတွင်း Lockdownm နဲ့ အလုပ်လက်မဲ့တွေကြောင့် အမျိုးသမီးတွေအနေနဲ့ အလွန်အခက် တွေ့နေခဲ့ရတာပါ။

ယင်းဒေသတွေမှာ Sex For Rent ဟာ နဂိုကတည်းက ရှိနေခဲ့တာဖြစ်ပြီး National Fair Housing Alliance (NFHA) ရဲ့  စစ်တမ်းများအရ COVID-19 ကာလအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု တိုင်ကြားမှုဖြစ်စဉ် (၁၃) ရာခိုင်နှုန်းအထိ တိုးပွားလာခဲ့တာပါ။

အဲဒီလိုဖြစ်ရပ်မျိုး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကလည်း NFHA ကိုအခုလို ဖွင့်ဟသွားခဲ့ပါတယ်။ "တကယ်လို့ ကျွန်မက သူနဲ့ လိင်မဆက်ဆံဘူးဆိုရင် အိမ်ပေါ်ကနေ နှင်ချခံရပါလိမ့်မယ်။ Single Mother တစ်ယောက်အနေနဲ့ ကျွန်မမှာ ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ ကျွန်မရဲ့ အိမ်ကို မဆုံးရှုံးချင်ဘူးလေ"လို့ သူက ဆိုခဲ့ပါတယ်။

အမျိုးသမီး အများအပြားအနေနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် Sex For Rent တွေကို အမှုဖွင့် တိုင်တန်းဖို့ အခွင့်အရေး မရှိဖြစ်နေဘူးလို့ ဥပဒေပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ အစိုးရတွေကတော့ COVID-19 ကာလအတွင်း အိမ်ဌားခတွေ အသီးသီး လျှော့ချပေးဖို့ စီစဉ်နေပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။