T.O.P နဲ့ သူ့ညီမဖြစ်သူတို့ တွဲနေတယ်ဆိုတဲ့သတင်းတွေအပေါ် Kim Ga Bin ရဲ့အစ်မဖြစ်သူ ပြောကြားချက်

Posted on - May 22 []

Gunner Ksr

စာရေးသူ

BIG BANG အဖွဲ့ဝင် T.O.P နဲ့ တက်သစ်စ မင်းသမီးတို့ Kin Ga Bin တို့ တွဲနေကြတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ T.O.P နဲ့ Kim Ga Bin တို့ အုပ်စုလိုက်စားပွဲက အတူနီးစပ်စွာ ထိုင်နေတဲ့ ဓာတ်ပုံတွေ၊ နောက်ပြီး သူတို့နှစ်ယောက်ရဲ့ ည၀တ်အင်္ကျီတူညီနေတာတွေကို တရုတ်မီဒီယာက ဖော်ပြပြီး သတင်းလုပ်ခဲ့တာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ Kim Ga Bin ရဲ့ အေဂျင်စီက အဲဒီသတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ငြင်းသွားခဲ့ပါတယ်။ အခုအခါမှာတော့ Kim Ga Bin ရဲ့ အစ်မက သူ့ညီမနဲ့ T.O.P တို့ဟာ တွဲနေတာမဟုတ်ဘူးလို့ ထပ်မံ ဖြေရှင်းသွားခဲ့တာပါ။

"ည၀တ်အင်္ကျီနဲ့ဓာတ်ပုံဟာ မိသားစု ညစာစားပွဲတုန်းက ကျွန်မကိုယ်တိုင် ရိုက်ပေးခဲ့တာပါ။ အဲဒီတုန်းက Venus ည၀တ်အင်္ကျီကို ကျွန်မအတွက်ရော၊ သူ့အတွက်ပါ ၀ယ်ခဲ့တာပါ။ ဒါက တကယ့်ကို ရေပန်းစားတဲ့ ည၀တ်အင်္ကျီပါ။

T.O.P ပရိသတ်တွေကလည်း အဲဒီည၀တ်အင်္ကျီကိုရှာပြီး ၀ယ်နိုင်ပါတယ်။ အဲဒီဝတ်စုံအတွက် ပေးချေခဲ့တဲ့ ငွေလက်ခံဘောင်ချာကိုရော ပြရဦးမလား။ ကျွန်မ ပြောလိုတာက သူတို့နှစ်ယောက်က တွဲနေတာ မဟုတ်ပါဘူး။ စုရိုက်ထားတဲ့ဓာတ်ပုံကလည်း ဒီအတိုင်း သရုပ်ဆောင်တွေ ဆုံတဲ့အခါ စုရိုက်လိုက်တာမျိုးပါပဲ"လို့ Kim Ga Bin ရဲ့ အစ်မက ဖြေရှင်းသွားခဲ့တာပါ။

Ref: All Kpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။