ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးသွားမယ့် Song Joongki

Posted on - May 23 []

Gunner Ksr

စာရေးသူ

တောင်ကိုရီးယားနာမည်ကျော်မင်းသား Song Joongki ဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲအသစ် Season of You and Me မှာ ပါဝင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားနိုင်ငံရဲ့ တေးရေး-အဆိုတော် Yoo Jaeha ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yoo Jaeha ဟာ ကိုရီးယားပေါ့ဂီတ လောကမှာ အခမ်းနားဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး အသက် (၂၅) နှစ်အရွယ်မှာ ယာဉ်တိုက်မှုနဲ့ ကွယ်လွန်သွားခဲ့တာပါ။

အရက်မူးနေတဲ့ မိတ်ဆွေတစ်ယောက် မောင်းတဲ့ကားကို လိုက်စီးပြီး ၀မ်းနည်းဖွယ်ရာ ကြေလွင့်သွားခဲ့ရတဲ့ ကြယ်ပွင့်ဟောင်းတစ်ယောက်ပါ။ Song Joongki က Yoo Jaeha ရဲ့ နေရာ၊ Jin Seonkyu က Kim Hyunsik ရဲ့နေရာ၊ Kim Hyejoon (Kingdom ထဲက ဖိဘုရား)က Yoo Jaeha ရဲ့ အချစ်ဦးနေရာကနေ ပါဝင်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Kim Hyejoon ဟာ ကိုရီးယားဂီတလောကရဲ့ နောက်ထပ် ဂန္ထ၀င်တစ်ယောက်ဖြစ်ပြီး ၁၉၈၀ ခုနှစ်ပတ်ဝန်းကျင်မှာ အောင်မြင်ကျော်ကြားခဲ့ကာ နေအိမ်အတွင်း အသည်းခြောက်ရောဂါနဲ့ ကွယ်လွန်ခဲ့သူပါ။

Ref: K Star Live

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။