သူ Collaboration အလုပ်ချင်ဆုံး Idol ကို ဖွင့်ဟသွားခဲ့တဲ့ EXO အဖွဲ့ဝင် Chanyeol

Posted on - May 23 []

Gunner Ksr

စာရေးသူ

မေလ (၂၀) ရက်နေ့က ပရိုဂျူဆာ Raiden ဟာ MBC FM4U ရေဒီယိုအစီအစဉ်ဖြစ်တဲ့ Noon Song of Hope မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ် ထုတ်လွှင့်နေရင်း Raiden ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူနဲ့ Collaboration ပြုလုပ်ခဲ့တဲ့ EXO အဖွဲ့ဝင် Chanyeol ဆီကနေ ဖုန်းလက်ခံရရှိခဲ့တာပါ။

Chanyeol နဲ့ Raiden တို့ဟာ ပြီးခဲ့တဲ့ အပတ်က Yours သီချင်းကို အတူတူ Collaboration ဖန်တီးခဲ့တာပါ။ အဲဒီမှာ Chanyeol က သူ Collaboration လုပ်ချင်နေတဲ့ Idol ကို ဖွင့်ဟသွားခဲ့တာပါ။ Chanyeol တစ်ယောက် Collaboration လုပ်ချင်တဲ့သူကတော့ တခြားမဟုတ်ပါဘူး။ EXO အဖွဲ့ဝင် D.O. ပါပဲ။

"ဒီရက်ပိုင်းအတွင်း ကျွန်တော့်အနေနဲ့ EXO အဖွဲ့ဝင် D.O. နဲ့ Collaboration လုပ်ချင်နေပါတယ်။ ကျွန်တော်တို့ဟာ အကြိမ်အများကြီး သီချင်းတွေ တွဲဆိုခဲ့ကြတယ်။ ဒါပေမဲ့ လေလောဆယ်မှာတော့ Mr. Do Kyung Soo က စစ်မှုထမ်းဆောင်နေပါတယ်" လို့ Chanyeol က ဖွင့်ဟသွားခဲ့တာပါ။

Raiden နဲ့ ပတ်သက်ပြီးလည်း Chanyeol က သူ့အနေနဲ့ လူတွေနဲ့ ပထမဆုံးတွေ့ဆုံစဉ် ရှက်တတ်ကြောင်း၊ သီချင်းကောင်းတစ်ပုဒ်ကို ဖန်တီးခွင့် ရရှိခဲ့တဲ့အတွက် အလွန်ကျေးဇူးတင်ကြောင်း၊ မကြာခင် ထပ်မံတွေ့ဆုံဖို့ မျှော်လင့်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Ref: All Kpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။