စမ်းချောင်းတွင် ရောဂါပိုးတွေ့ရှိခဲ့တဲ့ လမ်းနှစ်လမ်းရှိ နေထိုင်သူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်

Posted on - May 25 []

Gunner Ksr

စာရေးသူ

စမ်းချောင်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာတွေ့ ရှိခဲ့ရာ လမ်းနှစ်လမ်းဖြစ်တဲ့ ဦးဖီးလမ်းနဲ့ သရက်တောလမ်းတို့ရှိ နေထိုင်သူများကို တစ်ဦးချင်း ကျန်းမာရေး စစ်ဆေးမှုလုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ် ဦးဘိုဘိုဦးက Facebook မှာ ထုတ်ပြန်သွားခဲ့ပါတယ်။

မေလ (၂၄) ရက်နေ့ နံနက်ပိုင်းကနေစတင်ပြီး ကိုယ်စားလှယ် (၁) ဦးအောင်မျိုး၊ တိုင်းဒေသကြီးကိုယ်စားလှယ် (၂) ဦးသော်တာအောင် ၊ မြို့နယ်အဆင့် Covid 19 ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ နှင့် အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကှဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော် ကျော် နှင့်အဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း Contact Tracing ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့တာပါ။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာသို့ တိုင်းဒေသကြီးနှင့် တိုင်းကျန်းမာရေးအစီအစဉ်ဖြင့် ကျန်းမာရေးစင်တာ(ဖောင်ကြီး) မှ Infrared Thermo Detection Unit များတပ်ဆင်ထားသော မော်တော်ယာဉ်နှစ်စင်းနဲ့ ဦးဖီးလမ်းမှ အိမ်ထောင်စု (၅၂၉) မှ လူဦးရေ (၁၄၇၀) ဦး၊ သရက်တောလမ်းမှ (၁၄၁၂) ဦးတို့ကို စစ်ဆေးပေးခဲ့ကြောင်း သိရပါတယ်။

Source: U Bo Bo Oo Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။