မြန်မာပြည်ရဲ့ COVID-19 ရောဂါထိန်းချုပ်နိုင်ရန် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံ သံအမတ်ကြီး ချီးကျူး

Posted on - May 25 []

Gunner Ksr

စာရေးသူ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျင်းပတဲ့ Mask ချုပ်ပြိုင်ပွဲမှာ အထူးဆုရရှိခဲ့တဲ့ ရုရှားနိုင်ငံသံအမတ်ကြီး Dr. Nikolay Listopadov က မြန်မာပြည်ရဲ့ COVID=19 ရောဂါအပေါ် ကိုင်တွယ်ပုံကို ချီးကျူးသွားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်သူတွေ Mask နဲ့ ယဉ်ပါးစေပြီး အမြဲတမ်း အသုံးပြုတဲ့ အလေ့အထ ရရှိစေဖို့အတွက် Mask ချုပ်ပြိုင်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး ဆုအမျိုးအစားများစွာကို ပေးအပ်ခဲ့တာပါ။ အဲဒီအထဲမှာမှထ အထူးဆုကို ရုရှားနိုင်ငံသံအမတ်ကြီး Dr. Nikolay Listopadov ပါဝင်တဲ့ သံရုံးမိသားစုဝင် သုံးဦးက ရရှိသွားခဲ့တာပါ။

အဲဒီနောက် Dr. Nikolay Listopadov ကို ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးကို ပြန်ကြာရေးဝန်ကြီးဌာနက်ဖော်ပြခဲ့ရာမှာတော့ Dr. Nikolay Listopadov က သူ့အနေဲ့ ဆုရရှိခဲ့အတွက် အလွန်ပျော်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ကျွန်တော်တို့ကို အထူးဆုချီးမြှင့်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ပီတိလည်းဖြစ်ရတယ်။ ဂုဏ်လည်းယူမိပါတယ်။ ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကျေးဇူးတင်ပါတယ်။ သူရဲ့မေတ္တာနဲ့ စေတနာကို တန်ဖိုးလည်း ထားပါတယ်။

နောက်ပြီး ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်နေရချိန် မှာ ပြည်သူပြည်သားအားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ သွေးစည်းမှုက အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်ကလည်း ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားဖို့ ကြိုးစားပြီး ကောင်းတဲ့ရလဒ်တွေလည်း တွေ့မြင်နေရ ပါတယ်။ မြန်မာနိုင်ငံမှာ စေတနာလုပ်အားရှင်တွေနဲ့ ပြည်သူ ပြည်သားတွေကလည်း တက်တက်ကြွကြွ ပါဝင်ကြပါတယ်။ ချီးကျူးစရာလည်း ကောင်းပါတယ်။ အားလုံးရဲ့စုပေါင်းအားနဲ့ ကိုဗစ်-၁၉ ရောဂါကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်ပါတယ်"လို့ Dr. Nikolay Listopadov က ဖွင့်ဟခဲ့တာပါ။

Ref: MOI

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။