တောင်ကိုရီးယားမှာ ကျောင်းသာားတွေကို ထိန်းချုပ်လို့မရဖြစ်နေတယ်လို့ အထက်တန်းဆရာမတစ်ဦး ဖွင့်ဟ

Posted on - May 25 []

Gunner Ksr

စာရေးသူ

တောင်ကိုရီးယားနိုင်ငံမှာတော့ အခုအခါ ကျောင်းတွေ ပြန်ဖွင့်နေခဲ့ပြီဖြစ်ပြီး အဲဒီလို ပြန်ဖွင့်တဲ့အခါမှာတော့ ဆရာမတွေအနေနဲ့ တော်တော်လေး အခက်ကြုံနေခဲ့ရပါတယ်။ အိမ်ပြာတော်ရဲ့ Home Page မှာ "ကျောင်းတွေ ပြန်ဖွင့်တာ အကျိုးရှိသလား"ဆိုတဲ့ Petiton ကို တင်ခဲ့တာပါ။

အဲဒီနောက် အထက်တန်းကျောင်းက သူနာပြုဆရာမတစ်ဦးရဲ့ ဝေဖန်ချက်က Petiton ကို မြင့်တက်စေခဲ့ပါတယ်။ အထက်တန်းကျောင်းဆရာမတစ်ယောက်ကလည်း သူတို့ကျောင်းတွေဟာ ကျောင်းသားတွေဟာ ထိန်းမနိုင်ဖြစ်နေပုံကို ဖွင့်ဟခဲ့ပါတယ်။

"အတန်းပိုင်ဆရာမတွေက တော်တော်လေး အခက်ကြုံနေကြပါတယ်။ တချို့ကျောင်းသားတွေက Mask လုံးဝမ၀တ်ဘဲ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်လည်း ပွေ့ဖက်နေကြတာပါပဲ။ ဒါက ပထမဆုံးလာတဲ့ တစ်ရက်မှာပဲ ဖြစ်တာပါ။ ကျောင်းသားတွေကို စက်ရုပ်တွေလို အမိန့်တွေကို နာခံမယ်လို့ ထင်နေတလား။ ဒီမှာဖြစ်နေတဲ့ အခြေအနေမှန်တွေကို လာကြည့်ပြီးမှာ ကျောင်းတွေ ပြန်ဖွင့်သင့်၊ မဖွင့်သင့် ဆုံးဖြတ်စေချင်ပါတယ်"လို့ အထက်တန်းဆရာမတစ်ဦးက ဖွင့်ဟခဲ့တာပါ။

ဆက်စပ်သတင်းတွေအရ တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတွေ ပထမဆုံးပြန်ဖွင့်တဲ့ရက်မှာပဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ တွေ့ခဲ့လို့ ချက်ချင်း ပြန်ပိတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။