ထုတ်လုပ်ရေး ကုပ္မဏီတွေက ဇာတ်လမ်းတွဲအတွက် အကြွေးရရှိဖို့ ကျန်ရှိနေသေးတဲ့ သရုပ်ဆောင်းများ

Posted on - Jul 3 []

Gunner Ksr

စာရေးသူ

တောင်ကိုရီးယားနိုင်ငံက သရုပ်ဆောင်တချို့ဟာ သူတို့ရိုက်ကူးပြီးစီးခဲ့တဲ့ ဇာတ်လမ်းတွဲအတွက် အခုအထိတိုင် ပိုက်ဆံရရှဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ တချို့ဆိုရင် နှစ်တော်တော်ကြာကြာက ဇာတ်လမ်းတွဲအတွက် အခုအထိတိုင် ပိုက်ဆံ အပြည့်အ၀ မရသေးတဲ့ဖြစ်စဉ်မျိုးလည်း ရှိနေပါတယ်။

Gong Seung Yeon & Jung Yoo Mi

သူတို့နှစ်ယောက်ကတော့ ၂၀၁၆ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ Master: God of Noodles မှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ သူတို့ဟာ အဲဒီဇာတ်လမ်းတွဲအတွက် ပိုက်ဆံအပြည့်မရသေးဘူးလို့ ဆိုခဲ့ကြပါတယ်။

Lee Na Young, Lee Jung Jin, and Rain

Rain အပါအ၀င် သူတို့ (၃) ယောက်ဟာ Fugitive: Plan B မှာ ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ (၃) ယောက်ဟာ အဲဒီ show အတွက် ပိုက်ဆံအပြည့်မရခဲ့ပါဘူး။ အဲဒီ Show ကို ထုတ်တဲ့ ထုတ်လုပ်ရေးကုမ္ပဏီဟာ ပိတ်သိမ်းသွားခဲ့တဲ့အတွက် ပိုက်ဆံမပြည့်မရတော့တာပါတဲ့။

Kim Min Jung

၂၀၀၉ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ Strike Love မှာ Kim Min Jung ဟာ ခေါင်းဆောင်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာပါ။ ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးတာ ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့အထိ Kim Min Jung ဟာ ပိုက်ဆံအပြည့် မရဖြစ်နေပါတယ်။

Kim Woo Bin & Go Soo

Kim Woo Bin နဲ့ Go Soo တို့နှစ်ယောက်က ဇာတ်လမ်းတွဲ မဟုတ်ဘဲ ကြော်ငြာကုမ္ပဏီတွေနဲ့ပါ။ သူတို့ဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်မှာ ကြော်ငြာကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး သူတို့ရဲ့ ကြော်ငြာခကို အပြည့်မရခဲ့တာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။