You Tube မှာ ကြည်ရှုနှုန်း သန်း (၇၀၀) ပြည့်မြောက်တဲ့ MV (၃) ပုဒ်ကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ BTS

Posted on - May 25 []

Gunner Ksr

စာရေးသူ

ကမ္ဘာကျော် တောင်ကိုရီးယား K-pop အဖွဲ့ BTS ကတော့ You Tube မှာ ကြည့်ရှုသူ သန်း (၇၀၀) ပြည့်မြောက်တဲ့ Music Video (၃) ပုဒ်ကို ပိုင်ဆိုင်သွားခဲ့ရပါပြီ။ မေလ (၂၄) ရက် ညနေခင်းက BTS ရဲ့Fake Love ဟာ You Tube မှာ ကြည့်ရှုသူ သန်း (၇၀၀) ပြည့်မြောက်ခဲ့တာပါ။

ဒါကြောင့် DNA” (989 million views), “Boy With Love” (787 million views) တို့ပြီးနောက် You Tube မှာ ကြည့်ရှုနှုန်း သန်း (၇၀၀) ပြည့်မြောက်တဲ့ BTS ရဲ့ (၃) ပုဒ်မြောက် Music Video အဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

Fake Love ဟာ ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Love Yourself: Tear ရဲ့ ခေါင်းစီးသီချင်းဖြစ်ပြီး ပရိသတ်တွေကြား တော်တော်လေး ရေပန်းစားခဲ့တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဒါဟာ BTS နဲ့ ARMY တွေအတွက်တော့ လုံးဝဂုဏ်ယူစရာပဲလို့ ဆိုရမှာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။