စည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီး ဇနီးသည်တွေနဲ့အတူ အုပ်စုဖွဲ့ ပျော်ပါးခဲ့ကြတဲ့ ဆီဗီလား ကစားသမားများ

Posted on - May 26 []

Gunner Ksr

စာရေးသူ

လာလီဂါကလပ် ဆီဗီလားအသင်း ကစားသမားတွေကတော့ စပိန်အစိုးရက ချမှတ်ထားတဲ့ Lockdown စည်းမျဥ်းတွေကို ချိုးဖောက်ပြီး သူတို့ရဲ့ ဇနီးသည်တွေနဲ့အတူ အုပ်စုဖွဲ့ ပျော်ပါးခဲ့ကြတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

သူတို့အုပ်စုမှာ လူ (၁၂) ယောက်ခန့်ပါဝင်ပြီး သူ့တိုဟာ နေပူဆာလှုံကာ ပျော်ပါးခဲ့ကြတာပါ။ ဒီဓာတ်ပုံကို ကွင်းလယ်လူ ဘီနီဂါရဲ့ ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာတော့ အားလုံးက သူတို့ကို ၀ိုင်းပြီး ဝေဖန်ခဲ့ကြတာပါ။

နောက်မှာတော့ ဘီဂါနီက သူတို့ရဲ့ လုပ်ရပ်အတွက်ပြန်တောင်းပန်ခဲ့ရပါတယ်။ "မနေ့က ဖြစ်ပျက်သွားတဲ့အရာတွေအတွက် ကျွန်တော်တောင်းပန်လိုပါတယ်။ ကျွန်တော်တို့ မိသားစုတွေ၊ အသင်းဖော်တွေနဲ့ စုခဲ့တာဖြစ်ပေမယ့် ဒါကအမှားဖြစ်သွားခဲ့ပါတယ်။ နောက်နောင်ဒီလိုကိစ္စရပ်မျိုး ရှိလာမှာ မဟုတ်ပါဘူး"လို့ ဘီဂါနီက ဆိုခဲ့တာပါ။

သူတို့ဟာ အဲဒီလုပ်ရပ်အတွက် စပိန်အစိုးရရဲ့ အပြစ်ပေးအရေးယူမှုကို ခံရဖွယ်ရှိနေကြောင်း သိရပါတယ်။ Lockdown ကာလအတွင်း ကစားသမားတချို့ဟာ စည်းမျဉ်းတွေကို ချိုးဖောက်နေခဲ့ကြတာပါ ။

Ref: All Football

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။