၂၀၂၀ ခုနှစ်အတွင်း ထုတ်လွှင့်ဖို့ ကျန်ရှိနေသေးတဲ့ ပရိသတ်အကြိုက်မင်းသား၊ မင်းသမီးတွေရဲ့ ဇာတ်လမ်းတွဲများ

Posted on - Jul 7 []

Gunner Ksr

စာရေးသူ

၂၀၂၀ ခုနှစ်ဟာ ပထမနှစ်ဝက်အတွင်းမှာပဲ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲများစွာကို ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ လက်ကျန် နှစ်ဝက်မှာလည်း ပရိသတ်တွေ အကြိုက်တွေ့စေမယ့် မင်းသား၊ မင်းသမီးအတွဲအဖက် များစွာ ကျန်ရှိနေပါသေးတယ်။

Nam Joohyuk - Suzy

Nam Joohyuk နဲ့ Suzy တို့ရဲ့ အတွဲအဖက်ကလည်း စိတ်ဝင်စားစရာပါပဲ။ သူတို့နှစ်ယောက် ရိုက်ကူးမယ့် ဇာတ်လမ်းတွဲပုံစအရလည်း နှစ်ယောက်သား Chemistry မိလွန်းမှာ သေချာပါတယ်။

Park Bogum - Park Sodam

Park Bogum နဲ့ Park Sodam တို့ကတော့ Record of Youth ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။

Ong Seongwu - Shin Yeeun

Chances of Going from Friends to Lovers ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပြီး နှစ်ယောက်စလုံးက အသက်အရွယ် သိပ်မကွာကြဘဲ လိုက်ဖက်မယ့်ပုံပါပဲ။

Lee Junki - Moon Chaewon

ထိပ်တန်းသရုပ်ဆောင် နှစ်ယောက်ဖြစ်ကြတဲ့ Lee Junki နဲ့ Moo9n Chaewon တို့ကလည်း Flower of Evil ဇာတ်လမ်းတွဲမှာ အတူပါဝင်သွားကြမှာပါ။ သူတို့နှစ်ယောက်ရဲ့ အတွဲအဖက်ကရော ပရိသတ်တွေကို ဘယ်လောက်အထိ ဖမ်းစားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: K Star Live

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။