COVID-19 နဲ့ တိုက်ပွဲဝင်နေရတဲ့ ဆေးလုပ်သားတွေကို ဂုဏ်ပြုခဲ့တဲ့ The King: Eternal Monarch သရုပ်ဆောင်များ

Posted on - May 26 []

Gunner Ksr

စာရေးသူ

လတ်တလော တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ The King: Eternal Monarch ထဲက အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Lee Min Ho,Woo Do hwan နဲ့ Kim Kyung Nam တို့ကတော့ COVID-19 အတွက် တိုက်ပွဲဝင်နေရတဲ့ ဆေးလုပ်သားတွေကို ဂုဏ်ပြုသွားခဲ့ပါတယ်။

သူတို့ (၃) ယောက် တွဲရိုက်ထားတဲ့ ဓာတ်ပုံကို Lee Min Ho က Instagram မှာတင်ပြီး ကမ္ဘာတစ်လှမ်းက ဆေးလုပ်သားတွေအတွက် သူတို့အနေနဲ့ ဂုဏ်ယူကြောင်း ပြောဆိုသွားခဲ့တာပါ။

"များစွာသော ဆေးဘက်ဆိုင်ရာလုပ်သားတွေ၊ မီးသတ်သမားတွေ၊ စေတနာ့ဝန်ထမ်းတွေအတွက် ကျွန်တော်တို့လေးလေးနက်နက် ဂုဏ်ယူမိပါတယ်။ သူတို့ဟာ COVID-19 ကနေ လူပေါင်းများစွာ လုံခြုံစိတ်ချရအောင် တိုက်ပွဲဝင်နေရတာပါ။ လူတွေကလည်း လက်ဆေးခြင်း၊ Mask တပ်ခြင်းတို့နဲ့ ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ပါတယ်"လို့ Lee Min Ho က လူမှုကွန်ရက်မှာ ရေးသားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ The King: Eternal Monarch ဟာ အပိုင်း (၁၂)အထိ ထုတ်လွှင့်ပြီးပြီဖြစ်ပြီး ပရိသတ်တွေကြား စိတ်ဝင်စားမှု အမြင့်ဆုံးအထိ ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။