မပြောင်းလဲတဲ့ချစ်ခြင်းနဲ့အလွန် ကြည်နူးစရာကောင်းလွန်းတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲများ

Posted on - Jul 8 []

Gunner Ksr

စာရေးသူ

တောင်ကိုရီးယားအနုပညာလောကမှာလည်း တစ်ယောက်နဲ့တစ်ယောက် စွဲစွဲမြဲမြဲချစ်ပြီး ကြည်နူးစရာကောင်းတဲ့စုံတွဲများစွာ ရှိနေပါတယ်။ အချစ်ဆိုတာ မတည်မြဲဘဲ ပြောင်းလဲတတ်တယ်ဆိုတဲ့စကားက သူတို့အတွက်တော့ မမှန်ကန်ပါဘူး။

Sin Minah♥Kim Woobin

၂၀၁၅ ခုနှစ်ကတည်းက စတင်ချစ်ကြိုက်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာလည်း အားကျစရာကောင်းလွန်းပါတယ်။ Kim Woobin တစ်ယောက် ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာလည်း Shin Minah က ဘေးနားမှာ အကောင်းဆုံး နေပေးခဲ့ပါတယ်။

Hyeri♥Ryu Junyeol

(၈) နှစ်လောက် အသက်ကွာဟတဲ့ Hyeri နဲ့ Ryu Junyeol တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူကျပါတယ်။ Reply 1988 မှာ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ၂၀၁၇ မှာတော့ သူတို့ရဲ့ဆက်ဆံရေးကို တရားဝင်ချပြခဲ့ပါတယ်။

Ye Junghwa♥Ma Dongsuk

Ye Junghwa နဲ့ Ma Dongsuk တို့ဟာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ သူတို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့အကြောင်း တရားဝင်ချပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ လက်ထပ်တော့မှာပဲ ဖြစ်ပါတယ်။

HyunA♥Dawn

K-pop ရဲ့ နာမည်ကျော်စုံတွဲတွေထဲက တစ်တွဲပဲ ဖြစ်ပါတယ်။ HyunA နဲ့ Dawn တို့ဟာ တကယ့်ကို အားကျချင်စရာကောင်းတဲ့ စုံတွဲဖြစ်ပြီး သူတို့ရဲ့ ချစ်ခြင်းမေတ္တာကလည်း ကြီးမားလွန်းတယ်လို့ ဆိုရမှာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။