ဒီလိုဖြစ်ရပ်တွေကြောင့်လည်း BTS အဖွဲ့ဝင်တွေကို ARMY တွေက အမြဲအချစ်ပိုနေရစမြဲပါပ

Posted on - May 29 []

Gunner Ksr

စာရေးသူ

မက်ဆီနဲ့ စီရော်နယ်ဒိုခေတ်လွန် ဘောလုံးကမ္ဘာကို ဘယ်သူအုပ်စိုးသွားမလဲဆိုတာ ဘောလုံးပရိသတ်တိုင်း စိတ်ဝင်စားကြတဲ့ မေးခွန်းပါပဲ။ မက်ဆီနဲ့ စီရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးတွေ ဖြစ်ကြပြီး သူတို့နေရာကို အစားထိုးဖို့ဆိုတာ လွယ်ကူမှာတော့မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မှီခိုရင်း အကောင်းဆုံးသော ကစားသမားတွေ အဖြစ် ရပ်တည်နေခဲ့ကြတာပါ။

ထူးချွန်ပြီး အရည်အသွေးပြည့်ဝလွန်းတဲ့ ကစားသမားတွေရှိပေမယ့်လည်း မက်ဆီနဲ့ စီရော်နယ်ဒိုခေတ်လွန် ဘောလုံးလောကဟာ အနည်းနဲ့အများတော့ ခြောက်သွေ့ပြီး သာယာဖွယ်မကောင်းတော့မှာ အမှန်ပါပဲ။ ချဲလ်ဆီးနဲ့ အိုင်ဗရီကို့စ်ဂန္ထ၀င်ကစားသမားဟောင်း ဒရော့ဂ်ဘာကတော့ အနာဂတ်မှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့နေရာကို နေမာ၊ အမ်ဘတ်ပီတို့က အစားထိုးဝင်ရောက်မှာဖြစ်ပြီး သူတို့နှစ်ယောက်စလုံးအနေနဲ့ Ballon d'Or ဆု ရယူနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

"နေမာနဲ့ အမ်ဘတ်ပီဟာ တစ်နေ့ကျရင် Ballon d'Or ဆုကို ရယူနိုင်မှာပါ။ သူတို့ဟာ Ballon d'Or ဆုကို ရယူနိုင်ချေရှိတဲ့ အုပ်စုအနည်းငယ်ထဲက ကစားသမားဖြစ်ကြပါတယ်။ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးကစားသမားတွေလည်း ဖြစ်တယ်။

သူတို့နှစ်ယောက်စလုံးဟာ တကယ့်ကိုအံ့အားသင့်ဖွယ်ကစားသမားကောင်းတွေပဲ။ နေမာဟာ နေရာလွတ်တွေ ဖန်တီးတာကောင်းတယ်။ အမ်ဘတ်ပီဟာ အဆုံးသတ်ကောင်းတယ်။ သူတို့နှစ်ယောက်အတူတူ တွဲကစားတာကို ကြည့်ရတာ တကယ့်ကိုအံ့အားသင့်ဖွယ်ပါပဲ"လို့ ဒရော့ဘာက ပြောကြားသွားခဲ့တာပါ။ မက်ဆီနဲ့ ရော်နယ်ဒိုခေတ်လွန် ဘောလုံးလောကကို ဘယ်သူအုပ်စိုးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Sportbible

Oz11(မိုမိုလေး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။