The World of the Married ထဲမှာ ဇာတ်ရုပ်ပီပြင်စေဖို့အတွက် ကြိုးစားခဲ့ရပုံတွေကို Han So Hee ဖွင့်ဟ

Posted on - Jul 2 []

Gunner Ksr

စာရေးသူ

The World of the Married က ပြီးဆုံးသွားတာ အနည်းငယ် ကြာမြင့်နေပြီဖြစ်ပေမယ့် တောင်ကိုရီးယားပရိသတ်တွေရဲ့ ရင်ထဲမှာတော့ လက်ရှိအချိန်အထိ နေရာယူထားတုန်းပါပဲ။ ဒီဇာတ်လမ်းတွဲဟာ မထင်မှတ်ထားဘဲ ၀က်ဝက်ကွဲအောင်မြင်ခဲ့ပြီး တစ်ပိုင်းနဲ့တစ်ပိုင်းလည်း ကြည့်ရှုသူနှုန်းမြင့်တက်ခဲ့ပါတယ်။ အထူးသဖြင့် ဒီဇာတ်လမ်းတွဲနဲ့အတူ အအောင်မြင်ဆုံးဖြစ်ခဲ့တာက မင်းသမီး Han So Hee လို့ပဲ ဆိုရမှာပါ။

Han So Hee ဟာ ဒီဇာတ်လမ်းတွဲထဲမှာ အိမ်ထောင်သည်ယောက်ျားနဲ့ ဖောက်ပြန်တဲ့ ဗီလန်ဇာတ်ရုပ် Dakyung နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရပေမယ့် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပရိသတ်ရဲ့ ချစ်ခြင်း မေတ္တာကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း Han So Hee ဟာ သူ့ရဲ့ဇာတ်ရုပ်ကြောင့် အရင်းနှီးဆုံးသောမိတ်ဆွေတွေ၊ မိသားစုဝင်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတာပါ။ အဲဒီလိုမျိုး သူမကို ဖန်သားပြင်ထက်မှာ စနစ်တကျ အမုန်းခံရဖို့အတွက် Han So Hee ဟာ ပီပီပြင်ပြင် ကြိုးစားခဲ့ရတာပါ။

မေလ (၂၈) ရက်နေ့မှာတော့ The World of the Married ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အင်တာဗျူးတစ်ခုမှာတော့ Han So Hee က ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သူမအစိုးရိမ်ရဆုံးအရာကို ဖွင့်ဟသွားခဲ့ပါတယ်။ "ပရိုဂျူဆာကတော့ Dakyung က တော်တော်လှတယ်လို့ ကျွန်မကို ပြောပါတယ်။ အဲဒီလိုမဟုတ်ခဲ့ရင် ကြည့်ရှုသူတွေအတွက် စာနာဖို့ ခက်လိမ့်မယ်တဲ့။ ဒီဇာတ်လမ်းတွဲအတွက် ကျွန်မ ၀ိတ်ချခဲ့ရတယ်။ ကျွန်မရဲက ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို ၀ိတ်ချနိုင်ဖို့ အာရုံစိုက်ခဲ့ရတယ်။ မနက်စာ မစားခဲ့ဘဲ့ ညမှာလည်း ကြက်သားနည်းနည်းပဲ စားခဲ့တယ်။ ကျွန်မရဲ့ ဗိုက်ထွက်နေမှာစိုးရိမ်ခဲ့တယ်" လို့ Han So Hee က ဖွင့်ဟသွားခဲ့တာပါ။

Ref: K Star Live

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။