သြစတြေးလျကကျောင်းမှာ (၅) နှစ်အရွယ်ကလေးငယ်လေးက လက်သန့်ဆေးရည်ကို မြိုချမိခဲ့လို့ ဆေးရုံတင်ခဲ့ရ

Posted on - Jun 1 []

Gunner Ksr

စာရေးသူ

သြစတြေးလျက ကျောင်းတစ်ကျောင်းမှာတော့ အသက်(၅) နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်လေးတစ်ယောက်က လက်ရည်ဆေးရည်ကို မြိုချမိခဲ့လို့ ဆေးရုံတင်ခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ လတ်တလောမှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျောင်းတွေ ပြန်ဖွင့်နေတကြတာပါ။

အဲဒီလို ပြန်ဖွင့်တဲ့နေရာမှာ သြစတြေးလျက ကျောင်းတစ်ကျောင်းမှာတော့ COVID-19 အန္တရာယ်အတွက် လက်သန့်ဆေးရည်တွေ ထားရှိဖို့ ညွှန်ကြားထားခဲ့တာပါ။ ဒါဟာ မသိနားမလည်တဲ့ ကလေးငယ်လေးအတွက်တော့ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာပါပဲ။

အသက် (၅) နှစ်အရွယ်ကလေးမလေးဟာ နေထိုင်မကောင်းဖြစ်ပြီးနောက်မှာ ကျောင်းဝန်ထမ်းတွေက ချက်ချင်းသိသွားပြီး မိဘတွေကို ခေါ်ဆောင်ကာ ဆေးရုံကိုတင်ပို့ခဲ့ရတယ်လို့ ကျောင်းရဲ့ပြောရေးဆိုခွင့်ရှိသူက ဖွင့်ဟခဲ့ပါတယ်။

အနောက်သြစတြေးလျရဲ့ ပညာရေးဝန်ကြီးဖြစ်သူ Sue Eller က လည်း ဆရာမတွေအနေနဲ့ ဒီဖြစ်ရပ်ကို အထူးဂရုပြုဖို့လိုကြောင်း၊ လက်သန့်ဆေးရည်ဟာ လက်ကိုသာ သန့်စင်ဖို့ ဖြစ်ကြောင်း မကြာခဏ သတိပေးနေရမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Ref: Daily Mail

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။