Lockdown ကာလအတွင်း ဗြိတိန်မှာ လိင်ဆက်ဆံမှုများ လျော့ကျလာကြောင်း စစ်တမ်းတစ်ရပ်ဖော်ပြ

Posted on - Jun 1 []

Gunner Ksr

စာရေးသူ

Lockdown ကာလအတွင်း ဗြိတိန်မှာ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားခဲ့ရာ လိင်ဆက်ဆံမှုများ လျော့နည်းလာခဲ့ကြောင်း ဇွန်လ (၁) ရက်နေ့မှာ ထွက်ပေါ်လာတဲ့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။ COVID-19 ကာလအတွင်း ဗြိတိန်မှာ မတူညီတဲ့ အိမ်ထောင်စုက လူတွေဟာ သီးသန့်တွေ့ဆုံခွင့်မရှိဘူးလို့ စည်းမျဉ်းထုတ်ပြန်ထားခဲ့တာပါ။

ဒါကြောင့် Lockdown မှာ ဗြိတိန်နိုင်ငံသား (၁၀) ယောက်မှာ (၆) ယောက်လောက်ဟာ လိင်ဆက်ဆံမှု မပြုလုပ်ဘဲ ဖြတ်သန်းနေရတယ်လို့ စစ်တမ်းတစ်ခုအရ သိရပါတယ်။ အဲဒီ စစ်တမ်းရဲ့အဆိုအရ ဗြိတိန်မှာ နိုင်ငံသား (၃၉.၉) ရာခိုင်နှုန်းသာလျှင် Lockdown ကာလအတွင်းလိင်ဆက်ဆံမှု ပြုလုပ်တယ်လို့ သိရတာပါ။

ဆေးပညာကျွမ်းကျင်သူတွေရဲ့ အဆိုအအရ အစိုးရအနေနဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုအရ Lockdwon ကာလအတွင်း လိင်ဆက်ဆံမှု ပြုလုပ်ဖို့ တိုက်တွန်းအားပေးသင့်ကြောင်း အကြံပြုထားခဲ့တယ်လို့ သိရပါတယ်။

Ref: Daily Mail

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။