သူအကြိုက်ဆုံးကစားသမားစာရင်းမှာ စီရော်နယ်ဒိုကို ချန်လှပ်ခဲ့တဲ့ ဒိုကြီး

Posted on - Jun 2 []

Gunner Ksr

စာရေးသူ

ဘရာဇီးဂန္ထ၀င်တိုက်စစ်မှူုးကြီး ရော်နယ်ဒိုကတော့ သူအကြိုက်ဆုံး ကစားသမားတွေစာရင်းကို ပြောကြားရာမှာတော့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိဘဲ ချန်လှပ်ခဲ့ပါတယ်။

ဒီနေ့ ဘောလုံးကမ္ဘာမှာ စီရော်နယ်ဒိုနဲ့မက်ဆီကို အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ထားခဲ့ကြတာပါ။ သူတို့နှစ်ယောက်ကြား ဘယ်သူပိုကောင်းသလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း သူ့ဘက်ကိုယ့်ဘက် အမြင်တွေနဲ့ အားလုံးက ပြောကြားထားခဲ့တာပါ။

စီရော်နယ်ဒိုက ပရိသတ်က မက်ဆီကို မကြိုက်သလို မက်ဆီရဲ့ ပရိသတ်တွေကလည်း စီရော်နယ်ဒိုကို နှစ်မြို့ခြင်းမရှိတာပါ။ ဘရာဇီးဂန္ထ၀င် ရော်နယ်ဒိုကတော့ မက်ဆီဟာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

"မက်ဆီဟာ ကမ္ဘာပေါ်မှာ နံပါတ်တစ်ဆိုတာ သိပ်သေချာတာပေါ့။ နောက်ပြီး ဆာလတ်၊ ဟာဇက်၊ နေမာတို့ရဲ့ ကစားပုံကို စောင့်ကြည့်ရတာလည်း ကျွန်တော် နှစ်သက်ပါတယ်"လို့ ရော်နယ်ဒိုက ပြောကြားသွားခဲ့တာပါ။ ဒါဟာ စီရော်နယ်ဒိုအတွက်တော့ မခံချင်စရာပဲလို့ ဆိုရမှာပါ။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။