သင်မသိသေးတဲ့ ဟာလန်းနဲ့ ပတ်သက်ပြီး အလွန်စိတ်ဝင်စားစရာကောင်းတဲ့အချက်များ

Posted on - Jul 7 []

Gunner Ksr

စာရေးသူ

ဒေါ့မွန်ကြယ်ပွင့်ဟာလန်းဟာ လက်ရှိအချိန်မှာ အလင်းလက်ဆုံး တောက်ပလျက်ရှိနေပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ ဆောဘတ်နဲ့အတူ အရှိန်အဟုန်မြင့် တောက်ပလာခဲ့ပြီး ဥရောပဇာတ်ခုံပေါ် ထင်ပေါ်လာခဲ့သူပါ။ ဒေါ့မွန်ဟာ ဟာလန်းအတွက် တောင်ပံတစ်စုံဖြစ်ခဲ့ပြီး သူ့အနေနဲ့ အမြင့်ဆုံးကို လင်းအားကောင်းကောင်းနဲ့ ဆက်လက်ပျံသန်းနေပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် ဟာလန်းနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Flow King

ဟာလန်းရဲ့ Rap Name ပါ။ ဟာလန်းဟာ Rap ရွက်ရတာ ဝါသနာပါသူဖြစ်ပြီး တကယ်လို့ ဘောလုံးသမားသာ ဖြစ်မလာခဲ့ရင် Rapper တစ်ယောက် ဖြစ်လာမလားပဲ။

ဟာလန်း + ဆိုးလ်ရှား

ဟာလန်းနဲ့ လက်ရှိယူနိုက်တက်နည်းပြဆိုးလ်ရှားတို့ဟာ ဆွီဒင်ကလပ်မယ်မိုအသင်းမှာ အတူလက်တွဲခဲ့ဖူးပါတယ်။ ဟာလန်းကို ပြုစုပျိုးထောင်ပေးခဲ့သူတွေထဲ ဆိုးလ်ရှားဟာလည်း အပါအဝင်ပါ။ ဒါကြောင့် ဆိုးလ်ရှားရဲ့ အဆက်အသွယ်နဲ့ ယူနိုက်တက်ဟာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။

ဟာလန်းရဲ့အိပ်မက်

ဟာလန်းရဲ့ အိပ်မက်တော့ လုံးဝအံ့အားသင့်စရာဖြစ်ပြီး ဘယ်သူမှ ထင်မှတ်ထားမှာမဟုတ်ဘူး။ ဟာလန်းရင်ထဲက တောင့်တနေတဲ့ အဖြစ်ချင်ဆုံးဆန္ဒက လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား ရယူချင်နေတာပါပဲ။ ဟာလန်းဟာ သူ့အဖေကစားခဲ့ရာ လိဒ်အသင်းရဲ့ပရိသတ်တစ်ယောက်ပါ။

အကြိုက်ဆုံးသီချင်း

လူတိုင်းဟာ ဂီတနဲ့ မကင်းနိုင်ဘဲ အကြိုက်ဆုံးသီချင်း ဆိုတာမျိုး ရှိတတ်ပါတယ်။ ဘောလုံးကို ရူးသွပ်သူ၊ အသွေးအသားထဲမှာ ဘောလုံးရနံ့တွေ ထုံမွှမ်းနေတဲ့ ဟာလန်းရဲ့ အကြိုက်ဆုံးသီချင်းကတော့ တခြားမဟုတ်ပါဘူး။ ချန်ပီယံလိဂ် Theme Song ပါပဲ။ ဟာလန်းဟာ ချန်ပီယံလိဂ်သီချင်းကို ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့တာ။ ဘယ်နေရာ၊ ဘယ်အချိန်ဖြစ်ဖြစ် ချန်ပီယံလိဂ်သီချင်းသံကြားတိုင်း ဟာလန်းရဲ့ရင်ခုန်သံတွေ ဆူပွက်သွားစမြဲပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။