စတာလင်ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိတ်ဆက်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Posted on - Jun 3 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကတော့ အဓိကမြို့ခံပြိုင်ဘက် စတာလင်ကို ခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ် ချိတ်ဆက်လာခဲ့တယ်လို့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်လို့ မန်စီးတီးဟာ ချန်ပီယံလိဂ်ဝင်ခွင့် (၂) နှစ်အပိတ်ခံရပါက အဓိက ကြယ်ပွင့် အများအပြားကို ဆုံးရှုံးနိုင်ချေရှိပါတယ်။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် စတာလင်ကလည်း အသင်းကနေထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

The Independent ရဲ့ အဆိုအရ ယူနိုက်တက်ဟာ စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နည်းပြဆိုးလ်ရှားဟာ စတာလင်ကို အကြိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့သတင်းကတော့ အားလုံးကို အံ့အားသင့်စေခဲ့တယ်လို့ ဆိုရမှာပါ။

ဆက်စပ်သတင်းတွေအရ ယူနိုက်တက်ဟာ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပြီး ဒေါ့မွန်ဘက်ကတောင်းဆိုတဲ့ ပေါင် (၁၄၀) သန်းကို ပေးချေဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။