မက်ဆီ၊ စီရော်နယ်ဒိုတို့ကို ပြတ်ပြတ်သားသားကျော်ဖြတ်ပြီးဈေးကွက်တန်ဖိုး အမြင့်ဆုံးကစားသမားအဖြစ် ဦးဆောင်နိုင်ခဲ့သူ

Posted on - Jul 8 []

Gunner Ksr

စာရေးသူ

ဘောလုံးသမားတွေရဲ့ ဈေးကွက်ဆိုင်ရာတန်ဖိုးကို စာရင်းပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ Transfermarkt က လက်ရှိအချိန်မှာ ဥရောပလိဂ်တွေမှာ ကျင်လည်နေတဲ့ ကစားသမားတွေရဲ့ ဈေးကွက်တန်ဖိုးကို ထုတ်ပြန်ခဲ့ရာမှာ တော့ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

လက်ရှိအချိန် ဈေးကွက်တန်ဖိုး အမြင့်ဆုံးကစားသမားအဖြစ် ယူရို သန်း (၁၈၀) နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘတ်ပီက အားလုံးကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့တာပါ။ သူ့ရဲ့နောက်မှာတော့ မန်စီးတီးတိုက်စစ်ကစားသမား စတာလင်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာတို့က ယူရို (၁၂၈) သန်းနဲ့ ကိုယ်စီ ရပ်တည်နေတာပါ။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီရဲ့ ဈေးကွက်တန်ဖိုးကတော့ ယူရို (၁၁၂) သန်းရိပြီး အဆင့် (၉) နေရာမှာ ရပ်တည်နေပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ဈေးကွက်တန်ဖိုးက တော်တော်လေး ဆိုးရွားတယ်လို့ ဆိုရမှာဖြစ်ပြီး ယူရို သန်း (၆၀) သာရှိတော့ရာ အဆင့် (၄၆) နေရာမှာသာ ရပ်တည်နေတာပါ။

Transfermarkt က ဈေးကွက်တန်ဖိုး အမြင့်ဆုံးကစားသမားများစာရင်း

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။