နှစ်စဉ်နှစ်တိုင်း ဇာတ်လမ်းတွဲ မပျက်မကွပ် ရိုက်ကူးပြီး အလုပ်အလွန်ကြိုးစားကြတဲ့ ထိပ်တန်းမင်းသားများ

Posted on - Jul 5 []

Gunner Ksr

စာရေးသူ

ဒီမင်းသားတွေ နှစ်ကာလတော်တော်များများ ဇာတ်လမ်းတွဲတွေ အဆက်မပြတ် ရိုက်ကူးပြီး ပရိသတ်တွေအတွက် တာဝန်ကျေခဲ့ကြသူတွေပါ။ အဲဒီလို အလုပ်ကို ကြိုးစားလွန်းလို့လည်း အခုလို ထိပ်တန်းအဆင့်ကို ရောက်ရှိနေတာလို့ ဆိုရမှာပါ။

Ji Chang Wook


Ji Chang Wook ဟာ ၂၀၁၀ ခုနှစ်မှာ SMILE AGAIN ဇာတ်လမ်းတွဲမှာ အဓိက မင်းသားနေရာက ပါဝင်ခဲ့ပြီးနောက်ပိုင်း စစ်မှုထမ်းဆောင်တဲ့နှစ်ကလွဲလို့ နှစ်တိုင်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့တာပါ

Lee Jong Suk

မိန်းကလေးပရိသတ်တို့ရဲ့ အသည်းစွဲ မင်းသား Lee Jong Suk ကလည်း ၂၀၁၂ ခုနှစ်ကနေစလို့ စစ်မှုမထမ်းဆောင်ခင်အထိ ဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့ပြီး ပရိသတ်ရင်ထဲ နေရာယူခဲ့သူပါ။

Lee Dong Wook

Goblin ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရင်ထဲ ရောက်ခဲ့တဲ့ မင်းသား Lee Dong Wook ကလည်း နှစ်စဉ်နှစ်တိုင်း ဇာတ်လမ်းတွဲတွေ မပျက်မကွပ်ရိုက်ဖြစ်ခဲ့သူပါ။

Lee Joon Gi

K မင်းသားလို့ ပရိသတ်တွေကြားထဲ နာမည်ကျော်တဲ့ Lee Joon Gi ကလည်း ၂၀၀၇ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့TIME BETWEEN DOG AND WOLF ကစလို့ တောက်လျှောက်ဇာတ်လမ်းတွဲတွေနဲ ပရိသတ်တွေအတွက် တာဝန်ကျေခဲ့ပါတယ်။

Yoo Seung Ho

ကလေးသရုပ်ဆောင်ဘ၀ကနေ တက်လှမ်းလာခဲ့တဲ့ မင်းသား Yoo Seung Ho ကလည်း ၂၀၁၅ ခုနှစ်ကစတင်ပြီး ဇာတ်လမ်းတွဲတွေ တောက်လျှောက်ရိုက်ကူးလာခဲ့တာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။