ဇနီးသည် Gummy ကြည်နူးသွားစေမယ့် သူအဖြစ်ချင်ဆုံးဆန္ဒကို ထုတ်ဖော်လိုက်တဲ့ Jo Jungsuk

Posted on - Jul 5 []

Gunner Ksr

စာရေးသူ

Hospital Playlist ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရင်ထဲ နေရာယူနိုင်ခဲ့တဲ့ မင်းသား Jo Jungsuk ရဲ့ ဆန္ဒကိုကြားရင် ဇနီးသည် Gummy လည်း ပီတီဖြစ်မှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်လွှင့်ပြီးစီးသွားခဲ့တဲ့ Hospital Playlist ဟာ တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြား နာမည်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီဇာတ်လမ်းတွဲထဲမှာ အဓိကမင်းသားအဖြစ် Jo Jungsuk ကLee Ikjun ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရဲ့ ရင်ထဲကို ရောက်ခဲ့သူပါ။ ဇာတ်လမ်းတွဲအပြီး အင်တာဗျူး အစီအစဉ်မှာတော့ Jo Jungsuk က သူဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို ထုတ်ဖော်သွားခဲ့ပါတယ်။

အဲဒီဇာတ်လမ်းတွဲထဲမှာ အဓိကမင်းသားအဖြစ် Jo Jungsuk ကLee Ikjun ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရဲ့ ရင်ထဲကို ရောက်ခဲ့သူပါ။ ဇာတ်လမ်းတွဲအပြီး အင်တာဗျူး အစီအစဉ်မှာတော့ Jo Jungsuk က သူဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို ထုတ်ဖော်သွားခဲ့ပါတယ်။

ဆက်လက်ပြီး Jo Jungsuk က သူ့ရဲ့ဇနီးသည် Gummy က သူ့ရဲ့သရုပ်ဆောင်ပိုင်းကို အမြဲတမ်း အကဲဖြတ်လေ့ရှိကြောင်း၊ ဒီဇာတ်လမ်းတွဲထဲမှာတော့ Gummy ဟာ သူ့ရဲ့ ဇာတ်ကောင်အပေါ် အလွန်လေးစားခဲ့တယ်လို့ Jo Jungsuk က ဖွင့်ဟသွားခဲ့ပါတယ်။ Jo Jungsuk နဲ့ Gummy တို့ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြပြီး အခုအခါမှာတော့ Gummy ဟာ သူမတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရတာ ဖြစ်ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။