လာမယ့်တစ်ပတ်အတွင်း ခံစားရတော့မယ့် Yoo Ah-inနဲ့ Park Shin Hye တို့ရဲ့ ထိတ်လန့်ကြောက်မက်ဖွယ်ရာ Zoombie ဇာတ်ကား

Posted on - Jun 16 []

Gunner Ksr

စာရေးသူ

ဆိုးလ်ဟာ လုံးဝကြောက်စရာကောင်းတဲ့ မြို့ကြီးအသွင်ကူးပြောင်းသွားပြီး ကိုရီးယား Zoombie ဇာတ်ကားတွေရဲ့ ထုံးစံတိုင်း ဇာတ်ဝင်ခန်းတိုင်းကို အသည်းတယားယားနဲ့ ခံစားရမှာပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားနဲ့ မင်းသမီးဖြစ်တဲ့ Yoo Ah-inနဲ့ Park Shin Hye တို့ရဲ့ ALIVE လို့ အမည်ရတဲ့ အမိုက်စားZoombie ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပရိသတ်တွေ မကြာခင် ခံစားရတော့မှာပါ။

ဒီဇတ်ကားဟာ တောင်ကိုရီးယားနိုင်ငံအတွင်း ထူးဆန်းလွန်းတဲ့ ဖျားနာမှုတစ်ခုကနေ ရုတ်တရက်ဖြစ်ပွားခဲ့ပြီးနောက် အားလုံးဟာ Zoombie တွေဖြစ်သွားကာ တခြားသူတွေကို လိုက်ပြီးတိုက်ခိုက်တဲ့ ဇာတ်လမ်းအမျိုးအစားပါ။

ဒီလိုနဲ့ အဲဒီရောဂါဟာ တဖြည်းဖြည်းနဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပြီးနောက်ဆုံး ဆိုးလ်မြို့မှာ ထိန်းချုပ်လို့ မရတော့တဲ့အဆင့်အထိ ဖြစ်သွားခဲ့ရပြီး မြို့ကြီးဟာ လုံးဝ ကြောက်စရာကောင်းသွားခဲ့တာပါ။ အသက်ရှင်ကျန်ရစ်နေသူတွေကလည်း နေအိမ်အတွင်းမှာပဲ ဖုန်းမရှိ၊ ၀ိုင်ဖိုင်မရှိနဲ့ ထိတ်လန့်ဖွယ်ရာ နေနေရတာပါ။

အဲဒီမှာ Yoo Ah-inနဲ့ Park Shin Hye တို့က ဒီထိတ်လန့်ဖွယ်ရာ ကပ်ဆိုးကြီးကနေ အသက်ရှုင်ကျန်ရစ်ဖို့ ကြိုးပမ်းကြပါတော့တယ်။ ကိုရီးယား Zoombie ဇာတ်ကားတွေရဲ့ ထုံးစံတိုင်း ဇာတ်ဝင်ခန်းတိုင်းကို အသည်းတယားယားနဲ့ ခံစားရမှာပါ။ ဒီဇာတ်ကားကိုတော့ ဇွန်လ (၂၄) ရက်နေ့မှာ ထုတ်လွှင့်သွားမှာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။