အောင်မြင်နေပေမယ့် အချိန်တော်တော်ကြာအထိ လစာမရခဲ့ကြောင်း MOMOLAND အဖွဲ့ဝင် Yeonwoo ဖွင့်ဟ

Posted on - Jun 16 []

Gunner Ksr

စာရေးသူ

Show တစ်ခုမှာ အဖွဲ့ဝင်တစ်ယောက်ရဲ့ ဖွင့်ဟချက်က အားလုံးကို အံ့အားသင့်စေခဲ့တာပါ။ K-pop Idol တစ်ယောက်ဖြစ်ဖို့ဆိုတာ တော်တော်မှ ခက်ခဲတဲ့အရာဖြစ်ပါတယ်။ သူတို့ဟာ ပွဲထွက်ခွင့်ရဖို့ တော်တော်လေး ကြိုးပမ်းရသလို ပွဲထွက်ခွင့်ရပြန်တော့လည်း အောင်မြင်မှုအလိုက် ၀င်ငွေ မရတဲ့သူတွေ ရှိပါတယ်။

တချို့အေဂျင်စီတွေက Idol တွေကို တော်တော်လေးနှိမ်ပြီး ပိုက်ဆံ ပေးချေတာမျိုးတွေ ရှိနေတာပါ။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်လွှင့်ခဲ့တဲ့ Village Survival, the Eight Season 2 မှာတော့ MOMOLAND အဖွဲ့ဝင်ဟောင်း Yeonwoo က ပါဝင်ခဲ့တာပါ။ အစီအစဉ်မှာ ပါဝင်သူတစ်ယောက်ဖြစ်တဲ့ Yoo Jae Suk က Yeonwoo ကို "တကယ်လို့ ၀မ် (၁၀) သန်းရရင် ဘာလုပ်မှာလဲ"လို့ မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ Yeonwoo ရဲ့အဖြေက အားလုံးကို အံ့အားသင့်စေခဲ့တာပါ။

"တကယ်လို့ ၀မ် (၁၀) သန်း ရမယ်ဆိုရင် ဒါက ကျွန်မရဲ့ ပထမဆုံး လစာဖြစ်လိမ့်မယ်။ ကျွန်မရဲ့ လက်ရှိ အစားအစာအတွက် ဘတ်ဂျက်ထက် အများကြီး ၀ယ်စားမယ်"လို့ Yeonwoo က ပြောကြားသွားခဲ့တာပါ။ ဒါကြောင့် MOMOLAND အဖွဲ့ဟာ အောင်မြင်မှုတွေ ရရှိနေတာတောင် အဖွဲ့ဝင်တွေဟာ လစာမရဘူးလားဆိုပြီး ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

MOMOLAND ဟာ ၂၀၁၆ ခုနှစ်မှာ ပွဲထွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ GREAT Album ထဲက BBoom BBoom သီချင်းနဲ့အတူ အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ Idol တွေအတွက် ကုန်ကျစရိတ်က များပြားတဲ့အတွက် အစပိုင်းမှာ ၀င်ငွေရဖို့က ခက်ခဲတဲ့ သာဓကတွေလည်း ရှိနေတာပါ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ MOMOLAND အဖွဲ့ဝင် JooE က သူမအနေနဲ့ မိဘဖြစ်သူတွေကို အိမ်တစ်လုံးနဲ့ ကားတစ်စီး ၀ယ်ပေးခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။