The King ဇာတ်လမ်းတွဲမှာ သူအကြိုက်ဆုံး ဇာတ်ဝင်ခန်းကို ဖွင့်ဟခဲ့တဲ့ Lee Min Ho

Posted on - Jun 17 []

Gunner Ksr

စာရေးသူ

The King ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေအတွက်သာမက ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေအတွက် လုံးဝမမေ့နိုင်တဲ့ အမှတ်ရစရာတစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့သရုပ်ဆောင် အများစုဟာ အခုမှ ပထမဆုံးအကြိမ် ဇာတ်လမ်းတွဲမှာ ဆုံဖူးကြတာပါ။

ဒါပေမဲ့ သူတို့ဟာ အတွဲအဖက်ပီပီနဲ့ ဇာတ်လမ်းတစ်ခုလုံး ပီပြင်သက်ဝင်လာအောင် ပုံဖော်နိုင်ခဲ့တာပါ။ ဒီဇာတ်လမ်းတွဲရဲ့ အဓိကမင်းသားဖြစ်တဲ့ Lee Min Ho ကတော့ ဇာတ်လမ်းတွဲရိုက်ကူးဖို့ (၈) လတာ ဖြတ်သန်းခဲ့တဲ့ ကာလဟာ လုံးဝမမေ့နိုင်စရာပဲလို့ ဆိုခဲ့ပါတယ်။

"ဒီဇာတ်လမ်းတွဲဟာ ကျွန်တော့် အသက် (၃၀) ထဲမှာ ရိုက်တဲ့ ဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်တယ်။ ဒါက ကျွန်တော့်ရဲ့ နောက်ထပ် ဘ၀စာမျက်နှာတွေအတွက် အထောက်အကူပြုနိုင်လိမ့်မယ် ထင်ပါတယ်"လို့ Lee Min Ho က ဆိုပါတယ်။

ဆက်လက်ပြီး Lee Min Ho က ဒီဇာတ်လမ်းတွဲမှာ သူအကြိုက်ဆုံး ဇာတ်ဝင်ခန်းကိုလည်း ရွေးချယ်သွားခဲ့ပါတယ်။ သူ ရွေးသွားခဲ့တာက တခြားမဟုတ်ဘဲ ဒီဇာတ်လမ်းတွဲမှာ ခဏခဏ ပြောခဲ့တဲ့ စကားတစ်ခွန်းပါပဲ။ "ငါက ကိုရီးယားဘုရင့်နိုင်ငံရဲ့ ဘုရင်ပဲ။ ဘယ်သူ့မှ ခေါ်ခွင့်မရှိတဲ့ ငါ့နာမည်က Lee Gon ပဲဖြစ်တယ်"ဆိုတာက Lee Min Ho ရဲ့ ရင်ကို အထိမှန်ဆုံး ဇာတ်ဝင်ခန်းပါပဲ။ သူ့ကို စောင့်ဆိုင်းပြီး ဇာတ်လမ်းတွဲတစ်လျှောက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း၊ ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင် နေကြစေလိုကြောင်းလည်း Lee Min Ho က ဆိုခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။