Park Haejoon နဲ့ Han So Hee တို့ နှစ်ယောက်ကို အချစ်ဇာတ်လမ်းတွဲတစ်ခုမှာ ပရိသတ်တွေ မြင်တွေ့လိုနေကြ

Posted on - Jun 17 []

Gunner Ksr

စာရေးသူ

တလောကမှ ထုတ်လွှင့်ပြီးစီးသွားတဲ့The World of the Married ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ပြောမဆုံးဖြစ်နေကြဆဲပါ။ ဒီဇာတ်လမ်းတွဲရဲ့ အောင်မြင်မှု အရှိန်အ၀ါဟာ ကြီးမားခဲ့ပြီး တစ်ပိုင်းနဲ့ တစ်ပိုင်းလည်း Rating တွေ အတက်ကြမ်းခဲ့တာပါ။

လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ အိမ်ထောင်ရေးကို အခြေပြုရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်လို့ ပရိသတ်တွေရဲ့ ရင်ဘတ်ချင်းနီးခဲ့ပြီး အခုလို အောင်မြင်ခဲ့တာပါ။ သရုပ်ဆောင်တွေရဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်ချက်တွေဟာလည်း ဇာတ်လမ်းတွဲ အောင်မြင်ရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပါ။

ဒီဇာတ်လမ်းတွဲထဲမှာ Park Haejoon နဲ့ Han So He တို့ရဲ့ ပုံရိပ်တစ်ချို့ အွန်လိုင်းမှာ ပြန်ပြီးရေပန်းစားလာခဲ့တာပါ။ ဇာတ်လမ်းတွဲထဲက Park Haejoon နဲ့ Han So He တို့ရဲ့ လက်ထပ်တဲ့ပုံရိပ်ဟာ ပရိသတ်တွေကြား ပြန်ပြီး ရေပန်းစားလာခဲ့တာပါ။

ဒီပုံရိပ်တွေကိုကြည့်ပြီးနောက်မှာ ပရိသတ်တွေက သူတို့နှစ်ယောက်ရဲ့ Chemistry ဖြစ်မှုကို သတိပြုမိခဲ့ကြပါတယ်။ The World of the Married ထဲမှာတော့ သူတို့နှစ်ယောက်ဟာ မှားယွင်းတဲ့အချစ်တစ်ခုကိုသာ ပိုင်ဆိုင်ခဲ့ရတာပါ။

ဇာတ်လမ်းတွဲထဲက သူတို့ရဲ့ ဇာတ်ကောင်တွေက လူတွေမုန်းစရာဖြစ်ခဲ့ပြီး အမြင်မတင့်တယ်ခဲ့တာပါ။ ဒါကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ကို အချစ်ရိုမန့်တစ် ဇာတ်လမ်းတွဲတစ်ခုမှာ ခေါင်းဆောင် မင်းသား၊ မင်းသမီးတွေ ထပ်မံမြင်တွေ့လိုနေကြပါတယ်။ The World of the Married ထဲမှာ မှားယွင်းတဲ့အချစ်၊ မဖြစ်သင့်တဲ့အချစ်ကိုသာ ပိုင်ဆိုင်ခဲ့ကြရတဲ့ သူတို့နှစ်ယောက်အတွက် ပရိသတ်တွေက ပြန်ပြီးလမ်းကြောင်း တည့်မတ်ပေးချင်နေကြတယ်လို့သာ ဆိုရမှာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။