လတ်တလော အင်တာနက်မှာ ရှာဖွေမှုအများဆုံး ခံရတဲ့ ကိုရီးယားဇတ်လမ်းတွဲများ

Posted on - Jun 18 []

Gunner Ksr

စာရေးသူ

ဒီဇာတ်လမ်းတွဲတွေက လတ်တလော ပရိတသ်အကြိုက်အတွေ့ဆုံးဖြစ်နေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေပါ။ ပရိသတ်တွေ ရှာဖွေမှု အများဆုံး ဇာတ်လမ်းတွဲတွေက ဘာတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

THE KING: ETERNAL MONARCH

မကြာခင်ကမှ ထုတ်လွှင့်ပြီးစီးသွားခဲ့တဲ့ Lee Min Ho ရဲ့ The King ဇာတ်လမ်းတွဲဟာ ပရိသတ်ရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး အင်တာနက် မှာ ရှာဖွေမှု အများဆုံး ဇာတ်လမ်းတွဲ ဖြစ်နေတာပါ။

ONCE AGAIN

ဒီဇာတ်လမ်းတွဲဟာ အပိုင်း (၁၀၀) အထိ ရှည်လျားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး တောင်ကိုရီးယားမှာ ပရိသတ် အကြိုက်တွေ့လျက် ရှိနေပါတယ်။

WHEN MY LOVE BLOOMS

tvN က ထုတ်လွှင့်တဲ့ ဒီဇာတ်လမ်းတွဲဟာလည်း လတ်တလော လူကြိုက်များနေပြီး Naver မှာ တတိယရှာဖွေခံရတဲ့အထိ ရေပန်းစားနေပါတယ်။

HOSPITAL PLAYLIST

HOSPITAL PLAYLIST ကလည်း ဒီကာလအပိုင်းအခြား ပရိသတ်တွေကြားမှာ တော်တော်လေး ပေါက်ခဲ့တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားရဲ့ Season 2 ကိုလည်း မစောင့်နိုင်ဖြစ်နေကြတဲ့ အထိပါပဲ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။