ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြတဲ့ K-pop Idol များ

Posted on - Jun 18 []

Gunner Ksr

စာရေးသူ

သူတို့ဟာ ပြင်းထန်လွန်းလှတဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရပေမယ့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ပြီး စိတ်ဓာတ်မာကျောမှုကို သက်သေထူနိုင်ခဲ့တာပါ။

Kim Wooseok (UP10TION)

၂၀၁၆ ခုနှစ်အတွင်း ထွက်ပေါ်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ Kim Wooseok ဟာ Somi ရဲ့ ရင်ကို ထိခဲ့တယ်ဆိုပြီး ကောလဟလတွေ ဖြန့်ခဲ့ကြတာပါ။ အဲဒီနောက် Kim Wooseok ဟာ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီတုန်းက Somi ရဲ့ အေဂျင်စီဖြစ်တဲ့ YMC Entertainment ကိုယ်တိုင်က သူတို့အနေနဲ့ ဗီဒီယိုကိုသေချာစစ်ဆေးပြီးနောက်မှာ Wooseok ဟာ Somi ရဲ့ရင်သားကို မထိခဲ့ဘူးလို့ ထုတ်ပြန်သွားခဲ့ပါတယ်။

Jennie (BLACKPINK)

Jennie ဟာ ကျောင်းမှာတုန်းက တခြားသူတွေကို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ ကောလဟလထွက်ပေါ်ခဲ့သေးတာပါ။ အဲဒီ ကောလဟလအမှားကို YG က အနုပညာရှင်တွေကို မုန်းတီးသူတစ်ယောက်က ဖြန့်ဝေခဲ့တာပါ။ အဲဒီနောက် Jennie ဟာ YG ရဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Teddy Park နဲ့ တွဲနေတယ်ဆိုပြီး ကောလဟလလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် YG ဟာ မဟုတ်မမှန် ကောလဟလ ဖြန့်ဝေသူတွေကို တရားစွဲမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

IU

IU ကတော့ ၂၀၁၉ ခုနှစ်အတွင်း အိမ်ခြံမြေ အရှုပ်တော်ပုံတစ်ခုမှာ ပါဝင်နေတယ်လို့ ကောလဟလ ထွက်ခဲ့တာပါ။ အဲဒီကောလဟလကြောင့် IU ဟာ ဝေဖန်တိုက်ခိုက်မှုများစွာကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေကို အေဂျင်စီက ငြင်းဆန်သွားခဲ့ပြီး IU ရဲ့ အကျင့်သိက္ခာကို စော်ကေားပြောဆိုနေသူတွေကို အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

T-ara

၂၀၁၂ ခုနှစ်မှာ T-ara အဖွဲ့ဝင်တွေဟာ Hwayoung ကို ၀ိုင်းပြီး အနိုင်ကျင့်ကြတယ်ဆိုတဲ့ ကောလဟလအမှား ထွက်ခဲ့တာပါ။ Hater တချို့ကလည်း ထင်ယောင်ထင်မှား ဖြစ်ပေမယ့် ဗီဒီယိုဖိုင်တွေကို ဖြန့်ခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး T-ara ဟာ ပုံရိပ်များစွာ ကျဆင်းခဲ့ရသလို သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ရပ်နားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နောက်မှ T-ara ရဲ့ မန်နေဂျာဟောင်းက အဲဒီအရာတွေအားလုံးက မမှန်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။